🌵၁၆🌵

145 10 0
                                    

အတိတ်-၄

"ကျစ်!!!"

ရတနာတို့နေသည့်လမ်းထဲသို့ ကားဖြင့်ကွေ့ဝင်ရုံရှိသေး ထိုးရပ်သွားသောကားကြောင့် စုတ်တစ်ချက်ကို ခပ်ပြင်းပြင်းသပ်လိုက်မိ၏။ ထို့နောက် Steeringပေါ်သို့ လက်ဖြင့် အချက်ရေအနည်းငယ် ရိုက်နှက်မိသွားသည်။

သူ ဘာတွေလုပ်မိကုန်တာလဲ!!

လုပ်မိသမျှဟာလည်း အမှားတွေချည်းသာမို့ သူ့ကိုယ်သူ ပို၍ စိတ်ကုန်လာရသည်။

ယခုလည်း စိတ်ဆိုးနေသည့်သားဖြစ်သူကို ထားရစ်ခဲ့ရပြီး မည်သို့မျှသွေးမတော်သားမစပ်သူနှစ်ဦးထံသို့ သူလာနေရပြန်သည်။ သားက ဆုလာဘ်ကို တွန်းမချဘူးဟုယုံကြည်သော်လည်း၊ အကယ်၍ ဆုလာဘ်သာ တစ်ခုခုဖြစ်ခဲ့ပါလျှင် သားကို အမှုပတ်လာမည်စိုးသောကြောင့် အစစအရာရာ ဂရုစိုက်ပေးနေရခြင်းပါ။

"ဟူး!!"

အဲရစ်တစ်ယောက် လေပူတစ်ချက်ကို အားရပါးရမှုတ်ထုတ်လိုက်ပြီး ကားပြင်ဖို့အတွက် ဝပ်ရှော့ကိုဖုန်းဆက်ပြီးလာခိုင်းလိုက်၏။ ထို့နောက် သူကတော့ သိပ်မဝေးတော့သည်မို့ လမ်းဆက်လျှောက်လာလိုက်သည်။

ယခုအခါ ညနေ(၆)နာရီခန့်ရှိပြီမို့ ပတ်ဝန်းကျင်ဟာ မှောင်ရီဝိုးတဝါးလေးဖြစ်နေပါသည်။ အဲရစ်သည် ခြံအပြင်ဘက်မှ အသံပေးမနေတော့ဘဲ ခြံတံခါးကိုအသာတွန်းဖွင့်၍ အိမ်ဘက်သို့ဝင်လာခဲ့သည်။

အဲရစ်သည် ဖိနပ်ကို ရှပ်တိုက်၍မစီးတတ်သည်မို့လမ်းလျှောက်သည့်အခါ အလွန်တိတ်ဆိတ်သည့်အထဲ၌ပါသည်။ ထို့အတွက် သူဝင်လာသည်ကို အိမ်အတွင်းဘက်၌ စကားကောင်းနေသူ နှစ်ဦးမှာ မကြားပါချေ။

"မိုးရိပ်ညိုက တကယ်ပဲ လှေကားပေါ်က တွန်းချလိုက်တာလား"

အိမ်တံခါးကို ကိုင်ထားရင်း အတွင်းဘက်မှ အသံကြောင့် ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ကာ စကားသံတို့ကို ဆက်လက်နားစွင့်နေလိုက်၏။

"ဘယ်ကသာ...ကိုယ့်ဘာသာ လှိမ့်ချခဲ့တာ"

"ကျစ်..ကျစ်...သတ္တိကတော့...၊ ဒါနဲ့ လက်ကရော တကယ်ကိုက်တာလား၊ ကျိုးကုန်မှဖြင့်ဟယ်..."

OASIS [COMPLETE]Where stories live. Discover now