🌵၄၄🌵

123 12 0
                                    

ပေးသော ယူသော မေတ္တာ

အဝေးပြေးကားတစ်စီးလုံးမှာ လူဟူ၍ မိုးရိပ်ညိုအပါအဝင် (၁၅)ယောက်မျှသာရှိသည်။ ကိုဗစ်ကာလပေမို့ ခရီးသွားလာသည့်အခါ နှစ်ခုံတွဲတစ်ခုံကို လူတစ်ဦးသာ လိုက်ပါစီးနင်းခွင့်ရသည်ပင်။

မိုးရိပ်ညိုမှာတော့ လက်မှနာရီအဟောင်းလေးကို မကြာခဏ ငုံ့ကြည့်နေရပါသည်။ ထို့နောက် ပြတင်းပေါက်မှတဆင့် ကားပြင်ပမှ မြင်ကွင်းများကိုငေးရင်း သူ့ကောင်လေးနှင့် တွေ့ရတော့မည့်အရေးကို ကြိုတင်မှန်းဆကာ ရွှင်မြူးနေရပါ၏။

ထိုနေ့ညတစ်ညလုံး ငိုက်မြည်းခြင်း အလျဉ်းမရှိပါဘဲ လိုက်ပါစီးနင်းရင်း ကားကွင်းထဲကိုရောက်သည့်အခါမှာတော့ စိတ်မကောင်းစွာဖြင့် Quarantine centerဆီသို့ ခေါ်ဆောင်ခံလိုက်ရပါတော့သည်။ ထို့အတွက် မိုးရိပ်ညိုမှာ အီလည်လည်ဖြစ်သွားရကာ ခဲလေသမျှ သဲရေကျဆိုသလို ဝမ်းနည်းခြင်းကြီးစွာဖြင့် စင်တာအတွင်းရှိ ခုတင်ပေါ်မှာလဲလျောင်းရင်း ဖုန်းကြည့်နေရ၏။

"ညီလေး မနက်စာ..."

ခပ်တိုးတိုးခေါ်ရင်း မနက်စာထမင်းဘူးများကို လူတိုင်းစေ့ ဝေငှပေးကြပြန်သည်။ မိုးရိပ်ညိုမှာ စင်တာ၏ ကူညီစောင့်ရှောက်မှုများကိုကြည့်ရင်း နှစ်ခြိုက်စွာပင် ပြုံးမိရသည်။ ထို့နောက် ရရှိထားသည့် ထမင်းဘူးလေးကို ဖွင့်ကြည့်သည့်အခါ ထမင်း၊ ကြက်သားဟင်း၊ ပဲပင်ချဉ်၊ ငရုတ်သီးကြော် စသဖြင့် အစပ်အဟပ်တည့်အောင် ထည့်ထားပေးသည်မို့ တစ်ဘူးလုံးကုန်အောင်ပင် စားလိုက်မိ၏။

စားသောက်ပြီး တစ်ရေးတစ်မောအိပ်လိုက်ကာ နေ့ခင်းပိုင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်၊ ရေချိုးအဝတ်အစားလဲပြီးသည့်နောက် ကိုဗစ်ပိုးရှိ/မရှိ စမ်းသပ်ကြပြန်သည်။ ပြီးလျှင်တော့ ဘာမှ လုပ်စရာမရှိတော့ပြန်တာမို့ ဖုန်းပြန်ကြည့်၏။ ထိုသို့ဖြင့် (၁၂)ရက်တာကို အောင်အောင်မြင်မြင် ဖြတ်ကျော်လိုက်ပါသည်။

(၁၃)ရက်မြောက်နေ့တွင်တော့ အသင့်ယူလာသည့် စာရွက်ပေါ်မှာ 'သဘက်ခါတွေ့ကြရအောင်'ဟူသော စာတစ်ကြောင်းကိုရေးထားလိုက်၏။ သည်အတောအတွင်း သူ့ကောင်လေး၏ သူငယ်ချင်းမလေးများက ရက်ခြားတစ်ခါ လာလာတွေ့ပေးသည်မို့ ယခုလည်း ထိုစာလေးကို ထိုကောင်မလေးတွေကိုယ်တိုင် သွားပို့ပေးမည်ဖြစ်ပါသည်။

OASIS [COMPLETE]Where stories live. Discover now