🌵၄၅🌵

130 9 3
                                    

မရှိလျှင် မဖြစ်

လုပ်ချင်ရာလုပ်မည့်နေ့တစ်နေ့အတွက် တက်‌ကြွနေမိသူပါပဲ။

ကန္တာဦးတစ်ယောက် မနက်လင်းကတည်းက အိမ်အလုပ်များကို ခပ်သွက်သွက်လုပ်ရင်း နာရီကို အကြိမ်ကြိမ်ကြည့်နေရသည်။ (၆)နာရီခွဲပြီးလျှင် မေမေ‌နဲ့ဖေဖေ ဈေးကိုသွားတော့မည်။

ယခုအခါ ဖေဖေက ရုံးသွားဖို့ရာ သိပ်မလိုအပ်သည်မို့ နေ့တိုင်းနီးပါး မေမေနဲ့အတူတူ ဈေးမှာ ဆိုင်လိုက်ထိုင်ပေးတတ်သည်။ မေမေ့ဆိုင်မှာ အဝတ်အစားလေးတွေရောင်း၏။ ယခင်ကတည်းက ဝယ်လက်တွေရှိပြီးသားမို့ အကြာကြီးဆိုင်ပိတ်ပြီးမှ ပြန်ရောင်းပေမယ့် ရောင်းကောင်းနေဆဲပါပင်။ ထိုဆိုင်အတွက် ပြန်ရင်းနှီးဖို့တော့ ပြီးခဲ့သည့်ရက်ပိုင်းက ကိုကို့ဆီက ငွေတောင်းထားသည်မဟုတ်လား။

"စာကြည့်တိုက်သွားရင် အိမ်ကို သော့သေချာပိတ်၊ ကြားလား"

"ဟုတ်"

ဆိုင်ကယ်မထွက်ခင် မမေ့မလျော့ မှာတမ်းခြွေ‌သည်မို့ ကန္တာဦးမှာ နာခံစွာတုံ့ပြန်ရသည်။ ထို့နောက်မှာတော့ ဖေဖေနှင့်မေမေဟာ Maskကိုယ်စီတပ်ရင်း ဈေးဆီကို ထွက်သွားကြပါ၏။

ထိုအခါမှ ကန္တာဦးတစ်ယောက် အိမ်ထဲကို အလျင်အမြန်ပြေးဝင်လာပြီး ခေါင်းအုံးအောက်မှဖုန်းကို ဆွဲထုတ်၊ ပြီးနောက် ကစ်ကစ်တို့ဆီသို့ ဆက်သွယ်ရသည်။ ပြီးလျှင် မျက်နှာချင်းဆိုင်အိမ်မှ သဒ္ဒါမှူးဆီသို့ ပြေးရပြန်သည်။

"ဒါဒါ...အစ်ကို အပြင်ခဏသွားမို့ တကယ်လို့ မေမေတို့ ရုတ်တရက်ပြန်လာရင် ဖုန်းဆက်ပေးပါဦး"

"ဟုတ်"

ထို့နောက်တွင်တော့ လမ်းထိပ်ထိ လမ်းလျှောက်လိုက်ရင်း သူငယ်ချင်းတွေအလာကို စောင့်ဆိုင်းနေလိုက်၏။ မိနစ်အနည်းငယ်အကြာမှာပဲ သူငယ်ချင်းနှစ်ဦးက ဆိုင်ကယ်ကိုယ်စီနဲ့ ရောက်လာတော့တာမို့ ကန္တာဦး‌တစ်ယောက် ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး သူမတို့နှစ်‌ဦး ခေါ်ဆောင်သွားပေးမည့် အစ်ကိုရှိရာအရပ်ဆီကို ဦးတည်လိုက်ရပါသည်။

"ဆိုင်ကယ်ယူထားလိုက်‌ပါလား၊ ငါတို့ လိုက်မဝင်တော့ဘူး‌"

"ဟင်..အော်..အေး၊ ကျေးဇူးပဲနော်"

OASIS [COMPLETE]Where stories live. Discover now