🌵၁၁🌵

159 13 0
                                    

(ပထမဆုံးအနေနဲ့ မွေးနေ့ဆုတောင်းပေးချင်ပါတယ်။ ဒီနေ့က (၁)လပိုင်း (၂၉)ရက်နေ့ဆိုတော့ ချစ်ရတဲ့ မိုးရိပ်ညိုရဲ့ (၂၄)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ချစ်ရတဲ့မိုးရိပ်ညိုတစ်ယောက် အိုင်ဖန်တီးထားတဲ့ကမ္ဘာလေးထဲမှာ အပူအပင်သောကတွေကို အကုန်ကျော်ဖြတ်နိုင်ပြီး စိတ်ရောလူပါ အနာတရကင်းရှင်းစေဖို့ ဆုတောင်းပေးချင်ပါတယ်။ ပြီးတော့ အများကြီးပဲ ချစ်တယ်ဆိုတဲ့အကြောင်းကိုပါ သိထားပေးပါ။ ချစ်တာထက်ပိုပါတယ် 💛🌵)

အပြာရောင်ကျစ်ကြိုးလေး.....

ကျောင်းပိတ်ရက်ဖြစ်သော်ငြားလည်း YUFLကျောင်းကြီးဟာတော့ သာမန်နေ့တွေအတိုင်း လှုပ်ရှားအသက်ဝင်နေပါ၏။

"ဟေ့...ဘယ်ဘက်အခြမ်းကို နည်းနည်းအောက်ချလိုက်ဦးဟေ့...ဟာ..ဟာ..များသွားပြီ၊ နည်းနည်းလေး အပေါ်တိုးလိုက်ဦး။ အိုကေ အိုကေ ရပြီ!!"

ဘွဲ့နှင်းသဘင်ခန်းမအတွင်းတွင်တော့ အခမ်းအနားအပြင်အဆင်အတွက် တာဝန်ယူထားရသည့် Chinese majorမှ‌ ကျောင်းသားကျောင်းသူများဟာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြပါ‌သည်။

မနက်ဖြန်ဆိုလျှင် မေဂျာပေါင်းစုံWelcomeကိုရောက်ပြီမို့ အခမ်းအနားအပြင်အဆင်ကို ယနေ့ည၌ အပြီးသတ်လုပ်ဆောင်နေကြပြီဖြစ်ပါ၏။

"ဟေ့...ပန်းတွေသွားသယ်တဲ့အ‌ဖွဲ့တွေ ပြန်မလာသေးဘူးလား"

ဤသည်မှာ ‌ဖိုင်နယ်မှECတစ်ဦးလည်းဖြစ်၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်လည်းဖြစ်သည့် ရှင်းမြတ်သူဖြစ်ပါသည်။ ရှင်းမြတ်သူသည်ကား အရပ်မြင့်မြင့်အသားညိုညို၊ မျက်ခုံးထူထူနှင့် မျက်လုံးများမှာတော့ တိကျပြတ်သားဟန်များ ဖုံးလွှမ်းနေသည့်အပြင် လုပ်ရဲလျှင်ခံရဲသည်ဟု ပြောပြနေသယောင်ခံစားရစေသည်။

"မလာသေးဘူး ကိုရှင်း..၊ သွားတာ နည်းနည်းလေးကြာနေပြီနော်"
ဤသည်မှာကား တတိယနှစ်မှ မြတ်သန္တာအောင်ဆိုသည့်အစ်မပါ။ သူမသည်တော့ အရမ်းအလှကြီးမဟုတ်သော်လည်း ရယ်လိုက်လျှင်ပေါ်လာတတ်သည့်သွားတက်ကလေးများနှင့်၊ လခြမ်းကွေးသဏ္ဍာန်မျက်လုံးလေးများကြောင့် နှစ်လိုဖွယ်ကောင်းသေးသည်။

OASIS [COMPLETE]Where stories live. Discover now