🌵၁၄🌵

146 9 0
                                    

အတိတ်-၂

"ရတနာ!!"

အဲရစ်တစ်ယောက် ရတနာတို့အိမ်ထဲသို့ အူယားဖားယားဖြင့် ပြေးဝင်လာပြီး ခပ်ကျယ်ကျယ်အော်ခေါ်မိသော်လည်း ပြန်ရသည်က တခစ်ခစ်ရယ်မောနေသံများသာ.....။

"ဦးလာပြီ"

သားနှင့်ရွယ်တူ ဆုလာဘ်ဆိုသည့်‌ကလေးမလေးသည် သူ့ကိုမြင်သည်နှင့် ပြေးလွှားလာကာဖြင့် အင့်ခနဲနေအောင် ဖက်တွယ်လာလေသည်။

"ရတနာ...ဗိုက်နာတယ်ဆိုလို့ ကျွန်‌တော်လာခဲ့တာ"

"သမီးလေ...ပြောလို့လည်းမရပါဘူး အဲရစ်ရယ်၊ မလိမ်ပါနဲ့ပြောလို့လည်းမရဘူး၊ အဲရစ်ကို လွမ်းလို့တဲ့"

"ဘာ?"

အဲရစ်တစ်ယောက် စိတ်ထဲ၌ တင်းခနဲပင်ဖြစ်သွားရ၏။ သို့သော် အတတ်နိုင်ဆုံး စိတ်ကိုထိန်း၍ ဆုလာဘ်ကို ဖယ်ခွာကာ ချထားသော ဆက်တီ၌ဝင်ထိုင်လိုက်သည်။

"သမီး ဆုလာဘ်...မလိမ်ရဘူးလို့ အန်ကယ်ပြောထားလား၊ မပြောထားဘူးလား"

"ပြောထားပေမယ့် သမီးက ဦးကို လွမ်းလို့ကို!!..."
ဆုလာဘ်သည် ခြေတစ်ဖက်ကိုဆောင့်၍ ခပ်ကျယ်ကျယ်အော်ပြောလာသည်မို့ အဲရစ်တစ်ယောက် မျက်လုံးများကို စုံမှိတ်ပစ်ရုံသာတတ်နိုင်လေသည်။

"ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်။ Due-Dateပေးထားတာကလည်း နောက်လမှ‌ဆိုတော့ လိုပါသေးတယ်၊ ကျွန်တော်လည်း ကျွန်တော့်မိသားစုကို အချိန်မပေးဖြစ်တာကြာပြီဆိုတော့ ပြန်မှဖြစ်မယ်"

"ဟင့်အင်း ဟင့်အင်း... ဦး မပြန်ရဘူး!"

ဆုလာဘ်သည် ချက်ချင်းဆိုသလို အဲရစ်အနားသို့ရောက်လာပြီး အဲရစ်၏လက်မောင်းကို ဖက်တွယ်လာ၏။

"ဦး ဒီမှာပျော်တယ်ဆို...ဒီမှာပဲနေလေ"

"ဒီမှာနေရတာ ပျော်ပါတယ်၊ ဒါပေမဲ့ အိမ်ဆိုတာ ပြန်ကိုပြန်ရမယ်လေ သမီး...၊ အိမ်မှာ မြသွဲ့ဝေရီရယ်‌ နောက်ပြီး သားလေးရယ် အန်ကယ့်ကိုစောင့်နေတယ်။ ပြီးတော့ အန်ကယ်ကလည်း အိမ်ထပ်ပိုပြီး ဘယ်နေရာမှာမှ မပျော်ပါဘူး"

"သမီး စိတ်ကျေနပ်အောင် ခဏလောက်တော့ နေပေးပါလား အဲရစ်ရယ်"

"မဖြစ်လို့ပါ၊ အိမ်မှာ သားကလည်း စိတ်ကောက်နေတယ်၊ ကျွန်တော် သားကိုလည်း ချော့ရဦးမယ်"

OASIS [COMPLETE]Where stories live. Discover now