🌵၂🌵

378 22 5
                                    

စကားလုံးတွေလည်းမရှိပါဘဲနှင့်....

ခပ်လှမ်းလှမ်းရှိ ကက်ဆက်ထံမှ အလွမ်းကရုဏာသံကဲကဲဖြင့်သီဆိုထားပါသော သီချင်းသံတချို့ဟာ အခန်းငယ်လေးအတွင်း၌ ပျံ့ကြဲနေသည်မှာ ဟိုတစ်စ..သည်တစ်စ..။

အခန်းအတွင်း၌ သနပ်ခါးပန်းရနံ့လေးများသည်လည်း ဝေ့ကာဝဲကာဖြင့် ထုံသင်းမွှေးကြိုင်နေသေးသည်။

အခန်းငယ်လေးကို အသေးစိတ် သေချာလိုက်ကြည့်မည်ဆိုလျှင်တော့ဖြင့်...အင်မတန်မှ လွမ်းဆွေးဖွယ်ကောင်းပါလိမ့်မည်။

နံရံတစ်ဖက်၌ ‌ဒေစီပန်းများ ထောင်သောင်းမကပွင့်နေသည့် ဒေစီပန်းခင်းတစ်ခု၏ ပန်းချီကားတစ်ချပ်ရှိသည်။ နောက်ထပ် နံရံတစ်ဖက်တွင်တော့ အခန်းပြည့်ဖြစ်နေသည့် စာအုပ်စင်လေးတစ်ခု၊ ထိုစာအုပ်စင်နှင့် အိပ်ယာကြားတွင်တော့ စာကြည့်မီးအိမ်၊ ဖောင်တိန်များထည့်ထားသည့် ပုလင်းအကြည်ရောင်လေးတစ်ခု၊ အစီအရီတင်ထားသောစာအုပ်များ၊ အခန်းအတွင်း၌ထုံသင်းနေအောင်မွှေးသည့် သနပ်ခါးပန်းများထိုးထားသည့်ပန်းအိုးတစ်အိုး၊ စသည့်အရာများကို စီရရီတင်ထားသည့် စာကြည့်စားပွဲတစ်ခု...ထိုအရာများအပြင် ရှေးခေတ်အသုံးအဆောင်လေးများသည်လည်း နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ စားပွဲပေါ်မှာ စသဖြင့် နေရာအသီးသီး၌ အစီအစဉ်တကျရှိနေသေးသည်။

စာကြည့်စားပွဲမျက်နှာပြင်ပေါ်တွင်တော့ သနပ်ခါးပန်းအကြွေလေးများလည်း ပျံ့ကြဲနေသေးပြန်သည်။ ထိုမှတဆင့် ဆက်ကြည့်လျှင် ဗလာစာအုပ်တစ်ခုပေါ်၌ တစ်စုံတစ်ခုကို ရေးခြစ်နေသည့် လူတစ်ဦးရှိနေပါသည်။

"မင်းမရှိတဲ့ညတွေ ကိုယ်တစ်ယောက်တည်း မေရယ်.......အဟင်း"
ထိုသူသည် ကက်ဆက်ထံမှပျံ့လွင့်လာသည့် (ဦး)ရင်ဂို၏ 'အတောင်ပံပါရင်မင်းဆီကို' သီချင်းကို ခပ်တိုးတိုး လိုက်ဆိုညည်းနေရင်းမှ သဘောတကျဖြင့် ရယ်လိုက်သေးပြန်သည်။

"ကန္တာဦးတဲ့လား....."
ထိုသူသည် စာအုပ်ထက်၌ ရေးခြစ်ထားသည့် စာလုံးလေးများကို တစိမ့်စိမ့်ကြည့်နေရင်းမှ ထပ်မံ‌၍ ခပ်တိုးတိုးလေးရေရွတ်ပြန်၏။ ထို့နောက် စာအုပ်ကိုပိတ်၍ စာကြည့်မီးကိုပါ တဆက်တည်းပိတ်ကာ အိပ်ရာဝင်လေတော့သည်။

OASIS [COMPLETE]Where stories live. Discover now