🌵၄၈🌵

148 10 0
                                    

ချစ်သောသူချင်းသာလျှင်

အကျဉ်းသားတစ်ဦး၏ဘဝကို စာနာနားလည်တတ်ခဲ့ပြီ။

သူ့ဘဝက အကျဉ်းကျနေသူတစ်ဦးလောက်တော့ မဆိုးပေမယ့် သူ့ဘဝတစ်လျှောက်လုံး ကြုံရသမျှ အဖြစ်အပျက်တွေထဲတွင်တော့ ယခုတစ်ကြိမ်က တကယ်ကို အဆိုးဆုံးဖြစ်၏။

ယခုအခါ ဖေဖေနဲ့မေမေက ဆိုင်ကို တစ်လှည့်စီ သွားထိုင်တတ်ကြပြီး အိမ်မှာ သူ့အပြင် တစ်ယောက်မဟုတ် တစ်ယောက်ရှိနေတတ်သည်။ သို့သော် သုံးဦးဆုံလိုက်သည်နှင့် သူဟာ အပြစ်တင်ကြိမ်းမောင်းခံရတတ်သလို ဟုတ်၏/မဟုတ်၏ မသိရသည့် အများသူငှာများ၏ ကဲ့ရဲ့သံများကိုပါ ပြန်ကြားရတတ်သည်။

ရံဖန်ရံခါဆိုသလို ကစ်ကစ်နှင့်နုဝါတို့ဟာ ဒါဒါတို့အိမ်ဘက်သို့ ရောက်လာတတ်ကြ၏။ သို့သော် သူ ထွက်မ‌‌တွေ့၊ မြင်နိုင်သည့် ပြတင်းပေါက်ကိုပါ တစ်ဆက်တည်းဆွဲပိတ်ပစ်သည်။ အခန်းဟာ (၂၄)နာရီပတ်လုံး အမှောင်ရိပ်များဖြင့်သာ ဖုံးလွှမ်းနေ၏။

"ကန္တာဦး! ထွက်ခဲ့"

ဧည့်ခန်းဆီမှာ မိခင်ဖြစ်သူ၏အသံကြောင့် ထွက်လာမိတော့ ဈေးအတွင်းရှိ ရွှေဆိုင်မှ အစ်မကို တွေ့ရသည်။ သူမ အိမ်ကို လာလာနေတာ ရက်စိပ်လာပြီ။ လာတိုင်းလည်း အကြောင်းမဟုတ်ဘဲ ထွက်တွေ့ရတတ်၏။

"နေမကောင်းသေးဘူးလား မောင်လေး"

"...ဆိုပါတော့"

သူ့အဖြေကြောင့် မေမေဟာ မျက်လုံးတစ်ချက်ပင့်ကြည့်လာ၏။ ခုံမှာ ဝင်ထိုင်ပြီးသည့်အခါ ထုံးစံအတိုင်း မည်သည့်အရပ်ကိုမှမကြည့်ဘဲ စားပွဲခုံကိုသာ ကြည့်နေဖြစ်ပြန်သည်။

"ဒါဆို သမီးတို့ နေခဲ့ကြဦး၊ အန်တီ ဦးမျိုးဆီကို ထမင်းချိုင့်လေး သွားပို့ဦးမယ်"

"ဟုတ်ကဲ့ အန်တီလတ်"

ထို့နောက် မေမေဟာ အပျိုမိန်းကလေးတစ်ဦးကို သူနှင့် ထားရစ်ခဲ့ပြီး ထွက်သွားလေသည်။

"ဆေးခန်းပြပါလား"

"ကိစ္စမရှိပါဘူး"

"အစ်မကိုတော့ သိတယ်မဟုတ်လား"

OASIS [COMPLETE]Onde histórias criam vida. Descubra agora