🌵၄၂🌵

136 8 0
                                    

အနွေးဓာတ်ကလေး လွင့်ပြယ်သွားမှဖြင့်...!

"Bee...ကလေးလေး‌...ခဏထဦးကွာ၊ ဆေးသောက်ဦး"

"Beeရေ..."

ပါးပြင်ပေါ် ခပ်ဖွဖွလေးပုတ်ရင်း ခပ်တိုးတိုးခေါ်နေသူကြောင့် လေးလံနေသော မျက်ခွံများကို အားယူဖွင့်ရင်း ငုတ်တုပ်ထထိုင်ရသည်။ ခန္ဓာကိုယ်မှ အပူငွေ့တွေ တရှိန်ရှိန်ထွက်နေတာမို့ ဖျားနေပြီမှန်း ပြောစရာမလိုအောင် သိလိုက်ပါပြီ။

ကန္တာဦးက တကယ်ကိုပဲ သင်္ကြန်ရေနဲ့ မတည့်သော ကောင်ကလေးပါပဲ။ နှစ်တိုင်းပဲ...ကျောင်းသင်္ကြန်နေ့ပြီးတိုင်း ဖျား‌နာနေခဲ့တာပင်။

"ဆေးသောက်ပြီးမှ အိပ်တာမဟုတ်ဘူးကွာ၊ အမြဲတမ်း မှာရတယ်"

မိုးရိပ်ညိုဟာ ခပ်တိုးတိုးလေး ဆူပူရင်း အလိုက်တသိဖြင့် ဝယ်ယူလာခဲ့သော အကိုက်အခဲပျောက်ဆေးနှင့် အဖျားကျဆေးကို ဖောက်ပြီး ကန္တာဦးလက်ထဲထည့်၊ နောက်...ရေတစ်ခွက်သွားခပ်ပြီး ကန္တာဦးကို သောက်စေသည်။ ဆေးကြောက်သူ ကန္တာဦးမှာတော့ နှစ်လုံးတည်းသော ဆေးကို ကြိတ်မှိတ်မြိုချရင်း မျက်ခုံးတန်းလေးများဟာ တွန့်ချိုးနေကြ၏။

"ပါးစပ်ဟ.."

ပါးစပ်ဟပေးတော့ စတော်ဘယ်ရီအရသာ သကြားလုံးတစ်လုံးရောက်လာ၏။ ဆေးသောက်ပြီးသွားသည့် ကန္တာဦးမှာ ပြန်အိပ်ဖို့ အိပ်ယာထဲ လှဲချလိုက်လျှင် မိုးရိပ်ညိုဟာ ကန္တာဦး၏ စိုထိုင်းထိုင်းဖြစ်နေသော ဆံပင်များကို လာထိုးဖွရင်း...

"ကြည့်! ဆံပင်တွေက မခြောက်ပြန်ဘူး"

သို့သော်လည်း ရေပြောင်နေနှင့်ပြီးပြီမို့ သုတ်လည်း မထူးတော့။ ခေါင်းရင်းဘက်မှ ပြတင်းပေါက်ကိုဖွင့်ပြီး မှိန်းနေသူကို စောင်ပါးလေးတစ်ထပ်ခြုံပေးဖြစ်ပြန်သည်။ ပြီးနောက် ကုတင်အောက်မှာ ထိုင်ချရင်း အဖျားသွေးရှိနေသူကောင်လေး၏လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားမိ၏။

"အစ်ကိုက မအိပ်ဘူးလား"

"Bee အိပ်သွားရင် ကိုယ်လည်း အိပ်မှာပေါ့"

စကားဆုံးတော့ ကန္တာဦးဟာ ကုတင်အတွင်းဘက်ကို အနည်းငယ်ရွှေ့ပေး၏။ ထို့အတွက် မိုးရိပ်ညိုမှာလည်း ခပ်ကျဉ်းကျဉ်းလေးသာလွတ်သော ကုတင်အစွန်းပိုင်းမှာ ဝင်လှဲရင်း အဖျားငွေ့များရှိနေသည့် ခန္ဓာကိုယ်လေးကို အင်နှင့်အားနှင့် ထွေးပိုက်လိုက်တော့သည်။

OASIS [COMPLETE]Where stories live. Discover now