🌵၄၇🌵

143 7 0
                                    

စစ်မှန်ပါသော

ရာသီဥတုဟာ ပူပြင်းလျက်ရှိသည်။

သို့သော် ထိုအပူက ကန္တာဦး၏ရင်ထဲက ပူပြင်းမှုကိုတော့ဖြင့် ဘယ်လိုနည်းနဲ့မျှ မှီနိုင်မည်မဟုတ်ပါချေ။

အိမ်နှင့်နီးလာလေလေ၊ ရင်ထဲမှာ ဗလောင်ဆူအောင် ပူပြင်းလာလေလေပါပဲ။ သေချာပေါက် အပြစ်ပေးခံရတော့မည်မို့ တုန်လှုပ်နေခြင်းတော့မရှိပေမယ့် တရစပ်လှုပ်ခတ်နေသော အောက်မျက်ခမ်းများကြောင့် စိုးရိမ်မှုက ဒီရေလို ထိုးတက်နေရပါသည်။

တုတ်တုတ်ကလေး အိမ်ရှေ့မှာရပ်သွားသည်နှင့် ထိုအပေါ်မှဆင်းလိုက်ပြီး ဒါဒါတို့အိမ်ဘက်ကို လှမ်းကြည့်မိတော့ သဒ္ဒါမှူးအပြင် သူငယ်ချင်းနှစ်ဦးကိုပါ မြင်လိုက်ရသည်မို့ မျက်ခုံးတန်းများဟာ အလို‌အလျောက် ပင့်တက်သွားကြ၏။

သို့သော် အိမ်ထဲကို အရင်ဝင်ဖို့လိုသည်မို့ လက်ဟန်အမူအရာဖြင့် ခဏစောင့်‌ဖို့ မှာကြားရင်း အိမ်ရှိရာကို ခြေလှမ်းလိုက်ရသည်။

"ဒါ ဘယ်ကပြန်လာတာလဲ!"

ခြံတံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်နှင့် ကြားလိုက်ရသည့်မေမေ့အသံကြောင့် ကန္တာဦးသည် ဆတ်ခနဲ တုန်ယင်သွားရ၏။

"ကျောင်းက အစ်ကိုတစ်ယောက်လာလို့...လိုက်ပြီး ဧည့်ခံ..."

"အိမ်ထဲကို အရင်ကြွပါဦး"

မေမေသည် ခနဲ့သလိုရွဲ့သလို စကားတစ်ခွန်းကိုပြော၍ အိမ်အတွင်းဘက်သို့ဝင်သွားသည်။

ကန္တာဦး လေပူတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်၍ နှုတ်ခမ်းကို လျှာဖြင့် တစ်ချက်သပ်လိုက်၏။ ထိုအခါ.... လောလောလတ်လတ်ရရှိထားခဲ့သည့် ပန်းနုရောင်အနမ်းများအကြောင်း ပြန်လည်တွေးမိသွားပြန်သည်။ ထိုအခိုက်၌ သူ၏နှလုံးသားသည် တဒိတ်ဒိတ်အသံပေး၍ ခုန်လှုပ်နေပါ၏။ သေချာသည်က...သူသည် မေမေတို့အားကြောက်၍ စိတ်ခုန်နေခြင်း မဟုတ်ဘူးဆိုတာကိုပင်။

ပြီးနောက် လက်သီးကို ခပ်တင်းတင်းဆုပ်၍ အိမ်အတွင်းသို့ ဝင်လာခဲ့လိုက်၏။

ဧည့်ခန်းအတွင်း၌ မေမေနှင့်အတူ ဖေဖေပါရှိနေသည်။ နှစ်ဦးလုံး၏ မျက်နှာများသည် ခပ်ကြီးကြီးရေခဲတုံးတစ်တုံးလို အေးစက်မာကြောနေကြပါ၏။

OASIS [COMPLETE]Where stories live. Discover now