🌵၁၅🌵

154 9 3
                                    

အတိတ်-၃

"ဟဲ့!!"

အတန်းထဲ၌ထိုင်ရင်း ပါလာသည့်ထမင်းချိုင့်ကိုဖွင့်၍ ထမင်းအတူတူစားနေကြသည့် မိုးရိပ်ညို၊ ဋီကာထွဋ်နိုင်နှင့် သိမ်မွေ့ဦးတို့သုံးယောက်မှာ အခန်းပေါက်ဝမှခေါ်သံကြောင့် လည်ကိုဆန့်၍ ကြည့်လိုက်ကြ၏။

"အော်..."
ဤအသံမှာတော့ မိုးရိပ်ညိုထံမှ ထွက်လာခြင်းပါပေ။

"အသိတွေလား"
သိမ်မွေ့ဦးတစ်ယောက် ဆုလာဘ်ကိုမေးငေါ့ပြလျက် မိုးရိပ်ညိုကိုမေးလိုက်၏။

ဋီကာထွဋ်နိုင်သည်တော့ မည်သည့်စကားကိုမျှမပြောပါဘဲ တိတ်ဆိတ်နေလေသည်။

"ခဏလာဦး!"
ဆုလာဘ်ရဲ့အသံမှာ အခိုင်းအစေတစ်‌ယောက်ကိုခေါ်သလိုမျိုးမို့ မိုးရိပ်ညိုအပါအဝင် သိမ်မွေ့ဦးတို့ပါ စိတ်ထဲ ဖျဉ်းခနဲဖြစ်သွားရ၏။

"အဲ့အစ်မကို ငါသိတယ်...၊ သူက ငါတို့ရပ်ကွက်ကပဲ၊ သူတို့အိမ်က အမြဲတမ်းဆူညံနေတာမို့ ငါတို့တစ်လမ်းလုံး သူတို့ကိုသိတယ်"

"ဘာလို့ဆူညံတာလဲဟင်"

"ရန်ဖြစ်တာလေ...၊ သူ့အမေက လင်ငယ်နေလို့ဆိုပြီး သူ့အဖေနဲ့ကွာရှင်းလိုက်တာ၊ သိပ်မကြာပါဘူး...သူ့အဖေလည်း နောက်မိန်းမယူလိုက်တာလေ၊ အခု သူက သူ့မိထွေးနဲ့နှစ်ယောက် အိမ်ကနေထွက်ပြေးသွားတာလို့ကြားတယ်"

"ဘာလို့ထွက်ပြေးတာလဲ"
"အင်း ဟုတ်တယ်၊ ပြောပါဦး"
"မပြောနဲ့တော့...ငါတို့ကိုကြည့်နေတယ်"

"ဘာဖြစ်လဲ! ငါက မဟုတ်တာကို လီဆယ်ပြီးပြောနေတာမှမဟုတ်တာ၊ အမှန်ကိုပြောတဲ့ဟာကို"

"အင်းပါ...၊ ဒါဆိုလည်းဆက်ပြော"

"သူ့အဖေက ခဏခဏရိုက်လို့လေ၊ ညဘက် အိမ်ထဲက အော်ဟစ်ဆဲဆိုသံတွေကြားပြီး နောက်ရက်မနက်ဆိုရင် သူ့မိထွေးရော သူ့မှာရော ရိုက်နှက်ရာတွေချည်းပဲတဲ့၊ ငါတို့အဒေါ်က သူတို့အိမ်နဲ့ကပ်ရက်လေ၊ အဲ့ဒါမို့ ရန်ဖြစ်ရင်လည်း အတိုင်းသားကြားနေရတာ၊ ပြီးတော့လေ...အခု သူ့မိထွေးကလည်း နိုင်ငံခြားသားဦးလေးကြီးတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ကြားတယ်တဲ့၊ အဲ့ဒီဦးလေးကြီးက ကူညီပေးထားတာလို့ပြောတာဆိုတော့ ‌တကယ်ဖောက်ပြန်နေတာနေမှာပေါ့၊ ငါ့အဒေါ်က လှည်းတန်းမှာ ဆိုင်ဖွင့်ထားတာလေ၊ တခါခါဆို သူ့မိထွေးနဲ့ အဲ့ဒီဦးလေးကြီးနဲ့ကို တွဲတွဲမြင်တတ်တယ်တဲ့"

OASIS [COMPLETE]Where stories live. Discover now