🌵၃၄🌵

127 8 9
                                    

တင်းကြပ်ထားမှ တော်ကာကျမှာ!!

ချစ်သူမဖြစ်ခင်နဲ့ ဖြစ်ပြီးအခြေအနေတွေက ဘာမှတော့ ကွာခြားမသွားပါလေ။

ယခုနောက်ပိုင်းဆို ကန္တာဦးတစ်ယောက်က လှိုက်လှိုက်လှဲလှဲကိုပဲ ပြုံးတတ်လာပြီမို့ မိုးရိပ်ညိုမှာ ကန္တာဦးတစ်ခါပြုံးလိုက်တိုင်း တစ်ခါကြွေဆင်းနေရတာနဲ့ ရွက်ကြွေပင်တစ်ပင်လိုမျိုး အပင်သစ်တွေလည်း ဝေနေပါပြီ။

ယခုတော့ မည်သူမျှမရှိသည့် စာကြည့်တိုက်ကြီးထဲဝယ် နှစ်ယောက်တည်း ထိုင်နေကြပြန်ပါသည်။

မိုးရိပ်ညိုက နောက်ဆုံးနှစ်ကိုရောက်နေပြီး ကန္တာဦးက တတိယနှစ်ကိုရောက်နေတာမို့ ပေါ့ပေါ့ဆဆနေ၍မရတော့။ ကန္တာဦးနားမလည်သည့်စာတွေကို မိုးရိပ်ညိုက ပြန်လည်ရှင်းပြတတ်တာမို့ ကန္တာ‌ဦးအတွက်တော့ သိပ်အခက်အခဲမရှိပါလေ။

သို့သော် ကန္တာဦးတစ်ယောက်ကတော့ ချစ်သူတွေဖြစ်ပြီးမှ အိပ်ပုတ်ကလေးတစ်ယောက် ဖြစ်လို့လာတော့၏။ တစ်ခါခါဆို စာသင်နေရင်း အိပ်ပျော်သွားတတ်တာမို့ မိုးရိပ်ညိုမှာ အသည်းတယားယားဖြင့် နဖူးကို မနာအောင် တောက်ရသေးသည်။

ယခုလည်း စာရှင်းတာ နာရီဝက်ပင်မပြည့်တတ်သေး၊ စားပွဲပေါ်မှာ ကိုယ်တစ်ပိုင်းတင်ပြီး အိပ်ပျော်သွားလိုက်ပြန်ပြီ။

"နိုးလာရင် လည်ပင်းတွေ နာနေတော့မှာပဲကွာ..."

မိုးရိပ်ညိုဟာ ကန္တာဦး၏နှာခေါင်းထိပ်ဖျားလေးကို အသာတို့ထိရင်း ခပ်တိုးတိုးပြော၏။ ထို့နောက် နဖူးပေါ်မှာ ဝဲကျနေသည့် ကန္တာဦး၏ ဆံပင်များကို လက်ချောင်းလေးဖြင့် အသာတို့ထိဖယ်ရှားပေးနေရင်းဖြင့် တစ်နှစ်ထက်တစ်နှစ် ‌ရပ်တန့်၍မရအောင် ချောမောလာပြီဖြစ်သော ကန္တာဦး၏ မျက်ခုံးတန်းလေးကို လက်မဖြင့် အသာဖိပွတ်လိုက်၏။ ထိုအခါ ကန္တာဦး၏ မျက်ခုံးတန်းလေးများဟာ ထိစပ်လုမတတ် တွန့်ချိုးသွားတော့သည်။

"အိပ်..အိပ်၊ ကိုယ် ရှိတယ်နော်"

မိုးရိပ်ညိုဟာ နောက်ကျောလေးကို ခပ်ဖွဖွလေးပုတ်၍ပြောလိုက်လျှင် ကန္တာဦးဟာ အသက်ရှူသံမှန်မှန်လေးဖြင့် ပြန်လည်အိပ်ပျော်သွား၏။

OASIS [COMPLETE]Where stories live. Discover now