🌵၄၉🌵

146 10 0
                                    

ဘယ်အရပ်ကိုမဆို...

တရွေ့ရွေ့လှမ်းနေသည့်ခြေလှမ်းတွေက ဆိုင်ကယ်တွေ တန်းစီရပ်ထားသည့် အိမ်ရှေ့ကိုရောက်သည့်အခါ ပိုမိုနှေးကွေးသွားသည်။

ပိတောက်ပင်နှစ်ပင်အောက်က သံပန်းတံခါးအပြာလေးမှတဆင့် လူတွေဟာ အိမ်ထဲကို ဝင်သူကဝင်၊ ထွက်သူကထွက်ဖြင့် ရှုပ်ယှက်ခတ်လို့နေသည်။

ပန်းဆီရောင် ပိတ်စတွေဖြင့် အလှဆင်ထားသည့် မဏ္ဍပ်တစ်ခုရယ်၊ ထိုမဏ္ဍပ်ဆီက ပျံ့လွင့်လာသည့် "တူနှစ်ကိုယ်" မင်္ဂလာသီချင်းကြောင့် သူ့ခြေလှမ်းတွေဟာ ရပ်တန့်သွားရသည်။

ထိုအဖြစ်အပျက်ကို တားဆီးဖို့ ဒီမြေပေါ်ကို တစ်ကြိမ် ခြေပြန်ချမိပေမယ့် ပြန်ရသည်က သူ၏ ရင်ကို ဓားထက်ထက်ဖြင့် ခွဲချသွားသလို နာကျင်မှုတွေကိုသာ ပေးစွမ်းပါ၏။

လှိုက်တက်လာသည့် ဝမ်းနည်းမှုများနှင့်အတူ အမြင်အာရုံတွေပါ ဝေဝါးလာသည်။ ‌ခေါင်းကို ဘယ်ညာခါရမ်းရင်း ရှေ့ဆက်မိတော့ ခြေလှမ်းတွေဟာ လေးကန်လို့နေသည်။ သံပန်းတံခါးအပြာလေးရှေ့ကိုရောက်၍ အိမ်ထဲကို လှမ်းမျှော်ကြည့်သည့်အခါ မင်္ဂလာယူနေသည့် ဇနီးမောင်နှံကို မြင်ရ၏။

ချစ်ရသူဟာ အဝါဖျော့ရောင် တိုက်ပုံနှင့် ပုဆိုးတစ်ထည်ကိုဝတ်ဆင်ထား၏။ မှင်သေသေဖြစ်လို့နေသော မျက်နှာထားအရ မင်္ဂလာပွဲကို လက်မခံလိုဘူးဆိုတာ သိသာထင်ရှားလှပါသည်။

သူ အိမ်ထဲကိုဝင်လာပြီး ချစ်သူရှေ့ကို မတ်တပ်ရပ်မိသည်။ ဘေးလူတွေ သူ့ကို ကြည့်နေမည်လားဆိုတာ စိတ်မဝင်စားတော့ပါ။

"Bee...ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ"

"...."

ပြန်မဖြေသူကို သူ အားမလိုအားမရဖြစ်မိသည်။

အကြည့်ချင်းဆုံနေသည့်တိုင် မနီးစပ်တော့သလို ခံစားနေရပါ၏။ သူ မျက်နှာကို လက်တွေဖြင့် ဖိပွတ်ရင်း သတို့သမီးချိတ်ထားသည့် ချစ်သူ၏ လက်ကို ဆွဲယူဆုပ်ကိုင်မိသည်။

"Bee...ကိုယ်..."

အသံဟာ ထွက်မလာ။ သူ့လက်တွေကို ဖြုတ်ချနေသူကြောင့် ရင်ထဲ၌ စူးအောင့်နာကျင်နေကာ သေချာပေါက် မျက်ရည်တွေလည်း ကျနေမည်ပင်။

OASIS [COMPLETE]Where stories live. Discover now