🌵၇🌵

198 15 4
                                    

စိတ်ဆိုးဖို့ခက်‌စေတဲ့ အကြောင်းတရားတွေထဲက တစ်ခု......

~~"ဘာလို့ Beeလဲ"~~

သူ့ထံသို့ တည့်တည့်မကြည့်ဘဲ မျက်နှာလွှဲလျက်မေးလာသည့် ကန္တာဦး၏ပုံရိပ်မှာ မျက်လုံးထဲမှ မထွက်ဘဲ ဖြစ်နေသည်မို့ မိုးရိပ်ညိုတစ်ယောက် စာကြည့်စားပွဲနှင့်နဖူးကို တဒုန်းဒုန်းဆောင့်နေဖြစ်သည်။

"အား....ချစ်စရာလေးပါဆို!!!"
အော်သံခပ်အုပ်အုပ်လေးသည် အဆက်မပြတ်ပင်ထွက်ပေါ်လာပါသေးသည်။

-ဒေါက်! ဒေါက်!-
"သား...သမီးဆုလာဘ်လာတယ်နော်"

တံခါးခေါက်သံအဆုံး တဆက်တည်းထွက်လာသည့်အသံကြောင့် မိုးရိပ်ညို၏ ကြည်နူးနေသည့်စိတ်အစဉ်သည် လှောင်အိမ်ထဲမှ ပျံထွက်သွားသည့်ငှက်တစ်ကောင်လို ခပ်ဝေးဝေးသို့ ပြေးထွက်သွားပါတော့၏။

သို့သော် ကြာကြာတွေဝေနေချိန်မရပါဘဲ ပြေလျော့နေသည့်ပုဆိုးကို ခပ်တင်းတင်းပြန်ပြင်ဝတ်လိုက်ပြီးသည့်နောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ် ဧည့်ခန်းစားပွဲ၌ ခြေထောက်ချင်းချိတ်လျက်ထိုင်နေသည့် ဆုလာဘ်ရတနာကို တွေ့ရသည်။

ဆုလာဘ်ရတနာ.....။

သူ ပြန်မတွေးချင်တဲ့ အချိန်၊
သူ ပြန်မရောက်ချင်တဲ့ အတိတ်တွေ၊
နောက်ပြီး သူ ဘယ်တော့မှ ထပ်မလိုချင်တော့တဲ့ ကတိတွေ၊
ဒါတွေဟာ သူမဆီမှာ အနည်ထိုင်လျက်ရှိပါ၏။

လှေကားအဆင်း၌ မေမေနှင့်‌တွေ့သည်မို့ မေမေဟာ သူ၏လက်မောင်းကို အသာဆုပ်ကိုင်လျက် ပြုံးပြလာ၏။ ထို့ကြောင့် မေမေ့ကို ပြန်လည်ပြုံးပြပြီးသည့်နောက် သူဟာ ဧည့်ခန်းဆီသို့လျှောက်သွားပြီး ဆုလာဘ်ရတနာရှေ့၌ ဝင်ထိုင်သည်။

"မတွေ့တာကြာပြီ..."
မိုးရိပ်ညိုကပဲ စတင်၍ စကားပြောရ၏။

"အင်း..ဘယ်လိုလဲ၊ ကျန်းမာရေးက ကောင်းတယ်မလား"

"ကောင်းပါတယ်"

ထိုစဉ် ဒေါ်မြသွဲ့ဝေရီသည် ရေနွေးကြမ်းတစ်အိုးနှင့် ခွက်ငယ်လေးများပါသည့် လင်ဗန်းတစ်ချပ်ကိုသယ်လျက် ဧည့်ခန်းအတွင်းသို့ ဝင်လာလေသည်။

OASIS [COMPLETE]Where stories live. Discover now