🌵၁၉🌵

156 9 7
                                    

နောက်မ‌ဆုတ်ဘူး.....

"Bee.."

ကန္တာဦးသည် ခေါ်သံတိုးတိုးကြောင့် မော့ကြည့်လိုက်ချိန်တွင်တော့ လက်ထဲမှ ခဲတံသည်ပင် လွတ်ကျသွားရပါတော့သည်။

"အစ်ကို...ဘယ်ကနေ ဘယ်လို..."

"ဝင်လာမယ်နော်"

ကန္တာဦးခေါင်းငြိမ့်ပြသည့်အခါ မိုးရိပ်ညိုတစ်ယောက် အခန်းအတွင်းသို့ ဝင်လာလေသည်။ ထို့နောက် ကန္တာဦး၏ဘေး၌ ခပ်ခွာခွာလေးထိုင်လိုက်ပြီးနောက် ကန္တာဦး၏လွယ်အိတ်ကို ပေးလာ၏။

"...ကျေးဇူးတင်ပါတယ်"

"အင်း"

ထို့နောက် အခန်းငယ်လေးဟာ ပြန်လည်တိတ်ဆိတ်သွားရပြန်သည်။

"ဒီဟာက မှားနေတယ်၊ ဒီလိုဆွဲရမှာလေ...ဒီဘက်က အစွန်းထွက်လေးထည့်ရမယ်"

မိုးရိပ်ညိုသည် ကန္တာဦး၏လက်ထဲမှခဲတံကို ဆွဲယူ၍ တရုတ်စာလုံးတစ်ခုကို အမှန်ပြန်ပြင်ပြီး ဆွဲပြလာ၏။ ထို့နောက် လွတ်နေသော စာရွက်ပေါ်၌ တရုတ်ဘာသာဖြင့် စာကြောင်းတစ်ကြောင်းချရေးလိုက်၏။ သို့သော် ထိုစာကြောင်းကို ကန္တာဦးမသိပါလေ။ ကန္တာဦးသည်ကား အခုမှ အခြေခံအဆင့်သာရှိသေးသည်မို့ ရေးတတ်ဖတ်တတ်ရုံလေးသာရှိနေပါသေး၏။

*ဝမ်းမနည်းပါနဲ့*
ထိုတရုတ်စာကြောင်း၏အောက်၌ မြန်မာလို ကွင်းစကွင်းပိတ်လေးဖြင့်ရေးပြလာမှ ကန္တာဦးမှာ နားလည်ရတော့သည်။

"....ကိစ္စမရှိပါဘူး၊ ကျွန်တော် အထူးတလည် ဝမ်းနည်းမနေပါဘူး"

ကန္တာဦး၏ပြန်ဖြေသံကြောင့် မိုးရိပ်ညိုမှာ နောက်ထပ်စာကြောင်းတစ်ခုကို ရေးပြလာပြန်သည်။ ဤသည်ကိုလည်း ကန္တာဦးမှာ မသိသည်မို့ မိုးရိပ်ညိုကပဲ မြန်မာလို ထပ်မံ၍ရှင်းပြလာရပြန်သည်။

*ကျေးဇူးပြုပြီး မညာပါနဲ့*...တဲ့။

ထိုအခါတွင်တော့ ကန္တာဦးမှာ မည်သည့်စကားကိုမျှ ဆက်လက်ပြောဆိုနိုင်ခြင်း၊ ငြင်းပယ်နိုင်ခြင်းမရှိတော့ဘဲ ခေါင်းငုံ့ထားမိလိုက်ပါတော့သည်။

ထိုအခါ မိုးရိပ်ညိုမှာ တရုတ်စာလုံးများဖြင့် နောက်ထပ် ရှည်လျားလှသည့် စာကြောင်းများကိုရေးပြလာ‌ပြန်တာမို့ ကန္တာဦးဟာ သူ့ခဲတံကိုကိုင်ထားသည့် မိုးရိပ်ညို၏ရှည်သွယ်သွယ်လက်ချောင်းများကို လိုက်လံကြည့်ဖြစ်ပြန်သည်။

OASIS [COMPLETE]Where stories live. Discover now