🌵၅၁🌵

218 10 2
                                    

ထပ်တူညီသော

ဧည့်ခန်းအတွင်း၌ ထိုင်နေသည့်လူတိုင်း၏ အသက်ရှူသံကို ကြားရသည်အထိ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လို့နေ၏။

အစောပိုင်းက ထိုင်ခုံတွေပေါ်မှာ စီရရီထိုင်နေကြသည့် ကန္တာဦး၏ အစ်ကိုဖြစ်သူနှင့် သူ၏ညီမများသည်လည်း ယခုအခါ ကြမ်းပြင်ပေါ်မှာ ကိုယ်စီထိုင်နေကြ၏။

သူတို့လူငယ်အုပ်စု၏နောက်ဘက် ခပ်လှမ်းလှမ်းတွင်တော့ ဦးမျိုးတင့်၊ ဒေါ်ယဉ်လတ်နှင့် ကြီးဒေါ်ဖြစ်သူ ဒေါ်ရီလတ်တို့ ထိုင်နေလျက်ရှိကြ၏။

ယခုအခြေအနေကို နားမလည်နေသူမှာ မိုးရိပ်ညိုသာလျှင်မက ကန္တာဦးလည်း အပါအဝင်ပါပင်။ ယမန်နေ့ညက အိပ်ယာဝင်နောက်ကျသည်မို့ မနက်အိပ်ယာထလည်း မိနစ်အနည်းငယ်မျှ နောက်ကျသွား၍ မနက်ခင်းလုပ်ငန်းဆောင်တာများကို အလျင်အမြန်ပြုလုပ်နေတုန်း အိမ်ထဲမှ ရုတ်ရုတ်သဲသဲ စကားပြောသံများကြောင့် မီးဖိုခန်းထဲမှ ပြေးတက်လာစဉ်မှာပဲ ယခုလို အသက်ရှူရပ်သွားစေနိုင်လောက်သည့် မြင်ကွင်းတစ်ခုက သူ့ကို ဆီးကြိုနေခဲ့တာဖြစ်သည်။

"Bee..."

တိတ်ဆိတ်နေသည့်အခန်းအတွင်း မိုးရိပ်ညို၏ ခေါ်သံသဲ့သဲ့က ပျံ့လွင့်သွားသည်မို့ လူတိုင်း၏ အကြည့်များက သူ့ဆီကို ချက်ချင်းရောက်ရှိလာလေသည်။ သို့သော် ထိုအကြည့်များက မကြည်ဖြူသည့်အကြည့်များမဟုတ်ဘဲ 'ဘာများပါလိမ့်'ဟု မေးလိုသည့် အကြည့်များဖြစ်၏။ ကန္တာဦးသည်တော့ သူ့မျက်နှာနားအထိ ငုံ့ကိုင်း‌ထားသည့် မိုးရိပ်ညိုကို မျက်လုံးကလေးစွေရင်း ပြန်ကြည့်ရသည်။

"ဘယ်သူတွေလဲ"

"...မသိဘူးလေ"

မိုးရိပ်ညိုမှာ ကန္တာဦး၏အဖြေကြောင့် မျက်ခုံးနှစ်ဖက်ကိုပင် ပင့်ပစ်လိုက်မိ၏။ သူတို့နှစ်ဦးကို အကဲခတ်နေသူများမှာတော့ ပြုံးစစမျက်နှာပေးများအဖြစ်သို့ ပြောင်းလဲစပြုနေပြီ။ သို့တိုင် နှစ်ဦးသားသည်တော့ ခေါင်းချင်းဆိုင်ရင်း အကြိတ်အနယ် ဆွေးနွေးနေဆဲဖြစ်၏။

"ဟင်..ကိုမြူနဲ့က ဘာတော်တာလဲ"

"ညီအစ်ကိုလေ.."

OASIS [COMPLETE]Where stories live. Discover now