🌵၂၁🌵

172 11 14
                                    

အမှတ်တရတွေနဲ့ ချည်နှောင်တော့မလို့...

မျက်နှာပူစရာကိစ္စတစ်ရပ်ဖြစ်ပွားပြီး တစ်ပတ်အကြာ၌ဖြစ်၏။

ကျောင်းသွားဖို့လိုအပ်နေသော်လည်း ကန္တာဦးတစ်ယောက် အိပ်ယာထဲမှ မထွက်ရဲဘဲဖြစ်နေရလေသည်။ သူ မိုးရိပ်ညိုကို ရှောင်နေတာ တစ်ပတ်ပင်ပြည့်နေပြီဖြစ်သော်လည်း ယခုထက်ထိ ရှက်နေသေးဆဲမို့ ကျောင်းကိုတောင် မသွားချင်ပါလေ။

"အား....ဘာလို့လဲ! ဘာလို့လဲ!"

[တကယ်ဘာလို့များလဲ!!

အဲ့သည်အချိန်က ဘာဖြစ်လို့များ မျက်လုံးကို မှိတ်လိုက်မိတာလဲ!!

မျက်လုံးမှိတ်လိုက်မိလို့ အစ်ကိုက သဘောတူတယ်ဆိုပြီး ယူဆလိုက်တာဖြစ်မှာပေါ့!!]

ကန္တာဦးဟာ အိပ်ယာကို ဖနောင့်ဖြင့်ပေါက်၍ စောင်ကို ခေါင်းမြီးခြုံလိုက်၏။ ထို့နောက် စောင်ခြုံထဲ၌ ကိုယ့်မျက်နှာကိုယ် လက်ဖြင့်အုပ်ထားမိသေးသည်။

သူ အရမ်း(အရမ်း)ကို ရှက်နေတာမို့ သည်နေ့ ကျောင်းမသွားချင်ဘူး။ အဲ့သည်နေ့တုန်းကလည်း ရှက်လွန်းနေခဲ့ရုံမျှမက သတိလက်လွတ်တွေဖြစ်ပြီး ရုပ်ရှင်ရုံကအပြန် တက္ကသိုလ်ရိပ်သာလမ်းဘက်အထိ ပါသွားသေးသည်။ တက္ကသိုလ်ရှေ့ကိုရောက်မှ အသိပြန်ဝင်ပြီး မိုးရိပ်ညိုကိုတောင် နှုတ်မဆက်နိုင်ဘဲ နောက်ကြောင်းကို ပြန်ပြေးလာခဲ့ရတာဖြစ်၏။

ကန္တာဦးတစ်ယောက် အဲ့သည်နေ့ကအကြောင်းအရာများကို ပြန်လှန်တွေးတောနေစဉ် ခေါင်းအုံးဘေး၌ ချထားသည့်ဖုန်းဟာ အသံမြည်လာတာမို့ ကြည့်လိုက်တော့ လွမ်းဝေဆီမှဖြစ်နေ၍ အနည်းငယ်စိတ်အေးသွားရ၏။ အကယ်၍...မိုးရိပ်ညိုသာဆိုလျှင် သူဟာ ဘာစကားကို‌မျှ ပြန်ပြောနိုင်မှာမဟုတ်လောက်ပါလေ။ ယခုတော့ စိတ်ကိုထိန်း၍ ဖုန်းကိုင်လိုက်ရလေသည်။

"အင်း လွမ်းဝေ"

"ဒီနေ့ Tutorialတွေရှိတာ မင်း မေ့နေတာတော့မဟုတ်ဘူးမလား"

[သေစမ်း!!]

သူ တကယ်ကို မေ့နေတာဖြစ်၏။ စာကတော့ အထွေအထူးကျက်စရာမလိုပေမယ့် Tutorialဖြေဖို့ကိုတော့ သူ တကယ်ကို မေ့နေတာပင်။

OASIS [COMPLETE]Where stories live. Discover now