🌵၄🌵

247 16 5
                                    

အိပ်မက်ဟုထင်ရလောက်သည့် အစစ်အမှန်တွေဖြစ်နေသည်မို့.....

"ဘယ်ကနေ ပြန်လာတာလဲခင်ဗျ"

ရုတ်တရက်အနားရောက်လာပြီး နား,နားသို့ကပ်၍ ပြောလိုက်သည့်အသံကြောင့် ကန္တာဦး၏ခြေလှမ်းများသည် တုံ့ခနဲရပ်ဆိုင်းသွား၏။

ထပ်ပြီးတော့လည်း Telepathyပဲထင်သည်။
သူသည် အခုပဲ အစ်ကို့အကြောင်းကို တွေးနေသည်မဟုတ်ပါလား။

သူမော့ကြည့်တော့ တီရှပ်အဝါနုနုနှင့် မိုးရိပ်ညို....။

တစ်လောကလုံးရှိလူတွေသည် သူတို့ကိုဗဟိုပြု၍ လှည့်ပတ်သွားလာနေသည်လား၊ သို့မဟုတ် ရပ်တန့်နေသည်လား သူမသိတော့။ သူသည် မျက်လုံးထောင့်စွန်းလေးမှနေ၍ တခြားသူများ၏အရိပ်များကို ခပ်ရေးရေးလေးသာမြင်ရ၏။

"ဘာတွေငေးနေတာလဲ"
မိုးရိပ်ညိုသည် လက်ညှိုးနှင့်လက်ခလယ်ကိုသုံးလျက် သူ့နဖူးထက်သို့တောက်လာ၏။

ထိုအခါမှ အငေးလွန်နေသည့်ကန္တာဦးတစ်ယောက် အသိပြန်လည်လာကာ မျက်တောင်တို့ကို ပုတ်ခတ်ရ၏။

"အာ..ဒီတိုင်း..သူငယ်ချင်းတစ်ယောက်နဲ့ မုန့်စားပြီးပြန်လာတာ"

"အော်..."
မိုးရိပ်ညိုသည် ထိုမျှသာအသံပြု၍ လမ်းဆက်လျှောက်သွားသည်မို့ ကန္တာဦးတစ်ယောက် နောက်မှဆက်လိုက်ဖြစ်သည်။

"ကိုယ့်ကိုရော ဘာမုန့်ဝယ်ကျွေးမလဲ"

"ဗျာ.."

မိုးရိပ်ညိုသည် မည်သည့်စကားကိုမျှဆက်မပြောဘဲ ကန္တာဦးဘက်သို့လှည့်လျက် နောက်ပြန်လမ်းလျှောက်၏။ တခါတရံ၌ အခြားလမ်းသွားလမ်းလာများနှင့် တွန်းတိုက်မိသွားသည်မို့ ထိုသူတို့ထံမှ ဆူ‌ဆူအောင့်အောင့်အသံများထွက်လာသော်လည်း မိုးရိပ်ညိုသည် မသိချင်ယောင်ဆောင်ကာဖြင့် နောက်ပြန်လျှောက်နေဆဲ....။

"အစ်ကို..."

"ဗျာ.."

ကန္တာဦးသည် မိုးရိပ်ညို၏ 'ဗျာ'ဟူသောထူးသံကြောင့် ပြုံးမိတော့မလိုပင်ဖြစ်သွား၏။

အဲသည်လူဟာလေ...တကယ်ပါပဲ။

"ရှေ့ကိုကြည့်လျှောက်ပါဗျာ..သူများတွေကိုဝင်တိုက်ကုန်ပြီ"

OASIS [COMPLETE]Where stories live. Discover now