Chapter 4

828 45 0
                                    


အတုအယောင်

တစ်ရက်တစ်ရက် ကုန်ဆုံးတာမြန်ဆန်လွန်းပေမယ့် အဖြစ်အပျက်များဖြစ်ပြီးတဲ့နောက် တစ်နာရီကနေ တစ်ရက်ကြာသွားသလားထင်နေရသည်။ အရင်ကဆို ဖုန်းခေါ်ဆိုမှုတွေနဲ့ ပြည့်နက်ပြီး အလုပ်ရှုပ်နေသလောက် ယခုမူကား တိတ်ဆိတ်နေသော သုသာန်ပြင်အလား။

Notificationမှာ ဘာမှမပေါ်လာခဲ့ဘူး။ ဖုန်းခေါ်ခြင်းမပြောနဲ့ စာတိုပို့ခြင်း တစ်စတစ်လေတောင်ရှိမနေတော့ဘူး။ အရင်တုန်းကနဲ့ ဘာမှမကွာခြားပါပဲ ဘာကြောင့် အရာအားလုံးက ပြောင်းလဲရပါလိမ့်။

ဆက်တိုက်မေးခွန်းတွေချည်း မေးနေပေမယ့် အဖြေကိုကျ တိတိကျကျမရခဲ့ပေ။ နောက်ဆုံးမှာ ပြဿနာတွေစတင်ခဲ့တဲ့ မျက်နှာပေါ်က အမာရွတ်ကသာ အပြစ်ကြီးဖြစ်နေတယ်။

လက်ထဲက ဖုန်းမျက်နှာပြင်ကိုစေ့စေ့ကြည့်ပြီး Social Mediaထဲက ပုံတွေကိုမြင်နေရသည်။ သူမ၏ပုံတော့မဟုတ်ဘူး။ ဒါပေမဲ့ ခင်မင်ခဲ့ဖူးသော Aprilနှင့်အတူ တစ်ချို့သူငယ်ချင်းများက Z cityသို့ ပျော်ပွဲစားထွက်ကြောင်း ဓာတ်ပုံတွေတင်ထားကြတယ်။ ထိုဓာတ်ပုံများဟာ ပျော်ပါးနေကြပုံများသာမက သူတို့ဘယ်လောက်ပျော်ပါးနေမှန်း သိသာလွန်းလှသည်။

အမှန်ဆို နှစ်နှစ်နီးပါး ခင်မင်ခဲ့တဲ့ အတန်းဖော်ဖြစ်ဖူးသော Aprilက လူနာသတင်းမေးတာတို့ လုပ်သင့်တယ်လေ။ သို့သော် ထိုသို့ဘာမှမမေးမြန်းသလို Social Mediaရဲ့ Private message boxမှာ " နေကောင်းလား "ဘာညာတောင် မေးဖော်မရကြဘူး။ ဒါတွေဘာလို့များလဲ။

ရင်ထဲပြည့်ကျပ်သလိုခံစားရပြီး လက်ထဲကဖုန်းကိုပင် ပေါက်ကွဲချင်စိတ်ပါပေါက်လာသည်။ ဒါပေမဲ့လည်း Grace အသက်ပြင်းပြင်းရှူလိုက်တယ်။ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ဈေးကြီးပေးဝယ်ထားရတဲ့ မိမိဖုန်းတော့ အပါမခံနိူင်ဘူး။

နှလုံးသားထဲ သစ္စာဖောက်သလိုခံစားရပေမယ့် လက်ချောင်းများဟာ Social Media Accountကို Deletedလုပ်ပြီးနေပြီ။ သူငယ်ချင်းတွေလို့ ထင်ခဲ့တဲ့လူတွေက တစ်စက်ကလေးမှ ကြည့်ကြပုံမပေါ်သလို သူ့ကို မရှိသလိုပြုမူနေကြတာပဲ။ အရင်ကဆို လိုက်ကပ်ပြီး မရရအောင် အတင်းပေါင်းတဲ့လူတွေက ထူးဆန်းပါရဲ့။ တတ်လည်းတတ်နိုင်ကြတာပဲလား။

What is Beauty? [Normal]Where stories live. Discover now