Chapter 27

493 31 0
                                    

အလုပ်ရရှိခြင်း

ကြည်လင်သော မှန်သားပြင်ကိုငေးကြည့်ရင်း ကိုယ်ကိုကိုယ်အားတင်းလိုက်မိသည်။ ဒီနေ့တော့ အင်တာဗျူးအောင်မှဖြစ်မယ်။ ဒီကြားထဲ နှစ်ပတ်လောက် အလုပ်လျှောက်ရတာနဲ့တန်အောင်လုပ်သင့်တယ်လို့ Graceထင်မိသည်လေ။

သန့်စင်ခန်းထဲက ထွက်လာပြီးနောက် နောက်ထပ်တစ်ကြိမ် သက်ပြင်းချမိပြန်ပြီ။ ဒီနေ့နဲ့ဆို ဘယ်နှစ်ကြိမ်မြှောက် သက်ပြင်းချမိနေမှန်း မသိတော့ဘူး။ ရင်ခုန်တယ်ဆိုတာထက် နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။ အခုက အင်တာဗျုးပြီးတာနဲ့ တစ်ခါတည်းအလုပ်ခန့်မှာမို့လည်း ပါဝင်နေတယ်။

အားလျော်စွာ ဒီနေ့အလုပ်လာလျှောက်တဲ့ လူဦးရေက လက်ငါးချောင်းတောင်မပြည့်ပေ။ သူတို့သတ်မှတ်ပေးထားတဲ့ ထိုင်ခုံမှာထိုင်နေစဉ်မှာပင် Graceရဲ့နာမည်အခေါ်ခံလိုက်ရပြီး  အခန်းတစ်ခုထဲ ဝင်သွားရသည်။

လူလေး/ငါးယောက်က စားပွဲရှည်ကြီး၌ရှိနေ၍ Graceကသာ တစ်ယောက်တည်း။ ထိုထဲမှ အမျိုးသားတစ်ယောက်က Graceကိုစေ့စေ့ကြည့်ကာ

" Maskဖြုတ်ပေးလို့ရမလား "

ဟုတ်သား။ သူတို့ပြောမှပဲ Graceသေချာလေး သတိထားမိသွားသည်။ ဒါကြောင့်ပဲ သူမမျက်နှာထက်က Maskကိုဖယ်ရှားပြီး အစစ်အမှန်ကိုချပြလိုက်တယ်။ အင်တာဗျူးတွေလည်း အများကြီးကြုံခဲ့ရတော့ လူတွေ ဒီအမာရွတ်ကြောင့် ဘယ်လိုတုန့်ပြန်လဲဆိုတာ Graceသိနှင့်နေပါပြီ။

ဒါပေမဲ့လည်း သူတို့က ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး Graceကိုသာစေ့စေ့ကြည့်ကြသည်။

" ဒီမှာတော့ အချိန်ပိုင်းမဟုတ်ပဲ အချိန်ပြည့်အလုပ်လုပ်ရမယ်နော်။ လုပ်နိုင်မလား "

" ဟုတ် လုပ်နိုင်ပါတယ် "

ထပ်ပြီးဝေဖန်ခံရမယ်လို့ ထင်ခဲ့တဲ့တစ်လျှောက် ယခုလိုအပြောခံလိုက်ရတော့ သူမ၏မျက်နှာလေး ဝင်းတောက်ပလျက် အားကြိုးမာန်တက်ဖြေကြားမိလိုက်သည်။

" သရုပ်ဆောင်မေဂျာဆိုတော့ Weddingအတွက် Romantic ideaတွေတော့ သိမှာပါနော်။ ဝယ်သူတွေကိုလည်းကောင်းကောင်း ဆက်ဆံနိုင်မယ်ထင်တယ် "

What is Beauty? [Normal]Where stories live. Discover now