Chapter 30

534 34 0
                                    

တိုက်ခိုက်ခြင်း

" စောင့်လိုက်ရတာ ကြာလိုက်တာကွာ "

" အပိုတွေပြောမနေနဲ့ ငါနောက်ကျတာမဟုတ်ဘူး။ နင်ဘာသာ အစောကြီးရောက်နေပြီတော့ "

Graceသည် မျက်မှန်တပ်ထားတဲ့ ယောက်ျားလေးသူငယ်ချင်းဖြစ်သော Coleကိုပြောလိုက်တယ်။ ဒါ့အပြင် သူမက မကျေနပ်ပုံရစွာ ဖြည့်စွက်လိုက်သေးသည်။

" ရည်းစားမရှိမှန်းသိသာလိုက်တာ "

ထိုစကားက ဘာမှမဟုတ်ပေမယ့် Coleအတွက်တော့ အတော်ထိခိုက်သွားပုံရတယ်။ ချက်ချင်းကြီးကို တည်ငြိမ်သွားတဲ့ သူငယ်ချင်းကိုကြည့်ရင်း Grace စိတ်မကောင်းဖြစ်မိသည်။ မရည်ရွယ်ပေမယ့် ဖြစ်သွားတာမို့ အလျှင်အမြန်ပဲ

" ငါတောင်းပန်ပါတယ်။ နင့်ကို အဲ့လိုမပြောလိုက်သင့်ဘူး။ တကယ်တောင်းပန်ပါတယ် "

" ဘယ်ကသာ။ တောင်းပန်စရာမလိုပါဘူး။ ငါက စလိုက်တာ ဟားဟားဟား "

Graceကို ရယ်ပြနေတဲ့ Coleက ခဏကညိုးငယ်ပြီးဝမ်းနည်းပုံရတဲ့ လူတစ်ယောက်နဲ့ အတော်လေးကွာခြားသည်။ ထို့ကြောင့် သူမတောင် မယုံနိုင်ဖြစ်နေရတယ်။ ဒါပေမဲ့လည်း Coleက အတည်ကြီးစနောက်နေတာကို မသိခဲ့တာ အပြစ်မှမဟုတ်ပဲ။

" နင်ကလည်း တကယ်အတည်ကျနေတာပဲ။ ငါတောင် လန့်သွားတယ် "

" နင်က လန့်တယ်ပေါ့ ဟားဟားဟား။ အဲ့လိုဆိုကြေးဆို နင်လည်းအခုရည်းစားမရှိဘူးပဲ မဟုတ်လား။ အပိုတွေပြောမနေနဲ့ အတူတူပဲ "

စဉ်းစားကြည့်စရာမလိုအောင် Coleပြောခဲ့တာမှန်ပါတယ်။ ဒါကို သူမ,မငြင်းနိုင်ပါဘူး။ လွန်ခဲ့တဲ့နွေရာသီကတည်းက ချစ်သူရည်းစားမရှိခဲ့တာ ဒီဆောင်းရာသီအထိကုန်လွန်ခဲ့ပြီ။ ဒီကြားထဲ အထီးကျန်တာမျိုးခံစားရပေမယ့် တကယ်တမ်းကျ ပတ်ဝန်းကျင်မှာအသားကျအောင် ကြိုးစားနေထိုင်ရတာကပိုများသည်။

အထူးသဖြင့်ကိုယ့်ကိုကိုယ် ကြည့်ဖြစ်တာပိုများလိမ့်မယ်။ အရင်တုန်းကတော့ ဒီလောက်ထိ သတိမထားမိပေမယ့် အခုတော့ ကိုယ့်အကြောင်းပိုသိသလိုခံစားရတယ်။ သူမသည် ပြုံးရယ်လိုက်ပြီး ပတ်ဝန်းကျင်အားတစ်ချက်ကြည့်သည်။

What is Beauty? [Normal]Where stories live. Discover now