Chapter 45

501 30 0
                                    

အိုလီဗာရဲ့မင်္ဂလာဆောင်ပွဲ

" အကောင်းဆုံးပြင်ပေး မဟုတ်ဘူး အလှဆုံးပြင်ပေးနော် အစ်မနမ် "

Philipက ပြုံးရယ်ပြီး ထိုSalonပိုင်ရှင်အစ်မကိုပြောသည်။ ဒါပေမဲ့ဘေးက သူချစ်သောမိန်းမလေး၏ လက်ကိုတွဲထားလျက်ရှိတယ်။

" Philip ဒါလေးအတွက်နဲ့ ပိုက်ဆံအများကြိီးမဖြုန်းနဲ့လေ "

" ပိုက်ဆံဖြုန်းတာမဟုတ်ဘူး။ ဒီတိုင်းလိုအပ်လို့သုံးတာ "

ချစ်ရသူလေးက ခပ်တိုးတိုးလေးပြောလာတော့ Philipလည်းပဲ တိုးတိုးလေးပြောပြလိုက်တယ်။ တကယ်လည်း သူ့အနေနဲ့ ဒီအများကြီးထောက်ပံ့နေချင်တာ။ ပြီးတော့ နှစ်ယောက်သားအမှတ်တရတွေအများကြီးရှိချင်သေးတယ်။ ဒါပေမဲ့ သကြားဖေဖေလို့ထင်မှာ စိုးရိမ်မိနေတော့ သူအတတ်နိုင်ဆုံးထိန်းသိမ်းလျက်ရှိ၏။

" ပြီးတာပဲ "

ရည်းစားအသစ်စက်စက်က ပြောလို့မရမှန်းသိနှင့်ပြီးသားမို့ မသက်သာသောမျက်နှာဖြင့် Graceထိုသို့ထွက်သွားလိုက်သည်။ မိန်းကလေးတစ်ယောက်မို့ ထုံးစံအတိုင်း အလှအပကြိုက်ပါတယ်။ ဒါပေမဲ့လည်း Philipဘက်ကပဲ ကုန်ကျရတာတွေကိုတကယ်အားနာသည်။

လက်တွေ့၌ ကိုယ်ပိုင်ငွေလည်းမရှိတာမို့ ပြဿနာတက်နေသလိုပင်။ အင်း.. နောက်ပိုင်းတော့ သူလည်းတတ်နိုင်သလောက်ထိန်းညှိရမှာပေါ့။

" ဒါဆိုခဏနေလိုက်ဦးနော်။ ကိုယ် ဟိုဘက်ခဏသွားဦးမယ် "

Philipဘာကိုဆိုလိုမှန်း သူမ,သေချာသိတာကြောင့်ခေါင်းညိတ်ပြလိုက်တယ်။ သူထွက်သွားပြီးနောက် ဆိုင်ကဝန်ထမ်းတွေဟာ ခေါင်းလျှော်ဖို့ တစ်နေရာသို့ညွန်ပြသည်။ ဒီဆိုင်ဟာ အထက်တန်းကျပြီး ဈေးကြီးမှန်းအသိသာကြီး။ အပြင်အဆင်ကလည်း ဟိတ်ဟန်များကာ သုံးတဲ့ပစ္စည်းတွေကအစ သူသတိထားနေမိသည်။

ဥပမာဆိုရလျှင် ဇာတ်လမ်းတွဲတွေထဲက သူဌေးကတော်တွေ အတင်းအုပ်တဲ့နေရာလို့တောင် ထင်မိနေသေးတာ။

" အစ်မ ရေနွေးနဲ့လျော်ပေးမယ်နော် "

" ဟုတ် "

ဒီတစ်ခွန်းသာပြောပြီးနောက် လှဲအိပ်နေရာမှ ခေါင်းပေါ်ရေနွေးနွေးကိုခံလိုက်ရတယ်။ နောက်တော့ အတွေးတွေလွင့်ပျံ့၍ မျက်လုံးအစုံမှတ်ထားမိ၏။





What is Beauty? [Normal]Where stories live. Discover now