Chapter 33

430 24 0
                                    

အိမ်မက်ဆိုး=အတိတ်ဘဝ

" မင်း သူ့အကြောင်းစုံစမ်းပေးစမ်းပါ "

" ဘယ်သူ့ကိုပါလဲ အရှင် "

Philipက နားမလည်ဟန် ပြန်ပြောလိုက်တာကြောင့် မြို့စားမင်း တနည်းအားဖြင့် မင်းသား၃သည် သူ့လက်ထဲက စာရွက်တစ်ရွက်ထုတ်၏။ ပုံမှန်စာရွက်လို့ဆိုပေမယ့် ပုံတူပန်းချီသာဖြစ်သည်။

တရားခံတွေရဲ့ပုံလားဆိုပြီး အံ့ဩသွားရပေမယ့် ယင်းပန်းချီကား၌ မိန်းကလေးတစ်ယောက်၏ပုံဖြစ်နေတော့ ပိုအံ့ဩခဲ့ရသည်။ ပန်းချီစာရွက်ထဲက မိန်းကလေးက ချောမောလှပကြောင်းသိသာ၍ သူမ၏မျက်လုံးတွေက အတော်လှတယ်။ Philipလည်း လူမမြင်ဖူးသေးဘဲ ချောမောသော မိန်းမပျိုလေးရဲ့ပုံကို အကြာကြိီးကြည့်နေမိသည်။

ဒါပေမဲ့ သူ့ရှေ့မှာရှိနေတာက မြို့စားမင်းဖြစ်တာကို သတိရသွားတာမို့ အနေအထိုင်ဆင်ခြင်လိုက်ရသည်။

" ဒီပုံထဲက မိန်းကလေးကို စုံစမ်းထားပေး။ ပြီးတော့ ဒီမိန်းကလေးက ငါ့အတွက်ပဲမို့ မင်းရဲ့အဲ့အတွေးတွေဖျောက်ထားလိုက် "

" ဟုတ် ဟုတ်ကဲ့ပါအရှင်။ အရှင့်စိတ်တိုင်းကျဖြစ်စေရပါမယ် "

သူသည် စားပွဲပေါ်က ထိုပန်းချီစာရွက်ကို အမြန်ယူဆောင်ပြီး မြို့စားမင်းကို နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။ Philipဟာ မြို့စားမင်းရဲ့ကိုယ်ရံတော်ဖြစ်ပေမယ့် တကယ်တမ်းကျတောက်တိုမယ်ရနှင့်ဆင်တူတယ်။ဒါပေမဲ့လည်း  ကိုယ်နဲ့သူဟာ အဆင့်အတန်းချင်း မိုးနဲ့မြေလိုကွာခြားသည်မလား။

ဒီတော့ ဘာမှမတတ်နိုင်တဲ့အဆုံး ကိုယ့်ဘဝကိုကျေနပ်အောင် နေရုံပဲပေါ့။

Philipလက်ထဲ၌ အဖြူစာရွက်ကိုကိုင်ဆောင်ကာ ဒီမိန်းမပျိုကိုစုံစမ်းဖို့ ထွက်လာခဲ့သည်။ လတ်တလောမှာ ဒီမိန်းကလေးရဲ့ နာမည်နဲ့ဘယ်မိသားစုကလဲ ဆိုပြီးမသိရတာ ခက်ခဲလှတယ်။ သို့ပေမယ့် လက်ထဲမှာငွေအသပြာတွေပါလာတာမို့ ဒီကိစ္စကိုဖြေရှင်းနိုင်မယ်လို့ယုံကြည့်နေသည်။

အရင်ကဆို မိန်းကလေးတွေပွေရှုပ်တတ်တဲ့ မြို့စားမင်းက ဒီလိုမျိုးတစ်ခါမှ မစေခိုင်းဖူးဘူး။ ယခုတော့ အထူးအဆန်းဖြစ်ရတဲ့အပြင် Philipအံ့ဩသွားရသည်။ ကြည့်ရတာ မြို့စားမင်းက ဒီပန်းချီစာရွက်ထဲကမိန်းကလေးကို သဘောကျနေပုံပဲ။

What is Beauty? [Normal]Where stories live. Discover now