Chapter 55

413 26 0
                                    

အိပ်မက်များနောက်သို့လိုက်ခြင်း

ကြီးမားသည့် အဆောက်အဦတစ်ခုတွင် ဇာတ်လမ်းတွဲတစ်ခုအတွက် လူရွှေးပွဲလုပ်နေသည်။ လူရွေးပွဲအတွက် ဒိုင်လူကြီးမင်းများကတော့ အကဲဖြတ်လျက် သရုပ်ဆောင်အသစ်တွေကို စစ်ဆေးမေးမြန်းလျက်ရှိ၏။

ထိုထဲ၌ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကြောင့် သူတို့အံ့အားသင့်နေသည်။ ထိုမိန်းကလေးကတော့ အခြားသူမဟုတ် Graceသာဖြစ်တယ်။

ယခု သူမဟာ အနုပညာမြို့တော်Z cityကိုရောက်နေတာ နှစ်လမျှရှိပြီ။ သေချာပေါက် ကျောင်းတက်နေခြင်းဖြစ်သော် အားရင်အားသလို လူရွေးပွဲတွေဝင်ပါရင်း သူမရဲ့နေရာရအောင်ကြိုးစားအားထုတ်နေသည်။

အရင်ကလိုပဲ မျက်နှာကြောင့်ဝေဖန်မှုတွေခံစားရမြဲဖြစ်သော်လည်း Philipက အမြဲတမ်းအားပေးတာမို့ သိပ်ပြီးကိစ္စမရှိတော့။ ဒါပေမဲ့ ဒီကြားထဲ ငိုယိုခဲ့ရတာတွေကိုတော့ Graceကိုယ်တိုင်သာ သိသည်။

" နာမည်က Graceနော် "

" ဟုတ် Graceပါ "

ထိုလူကြီးတွေရဲ့မျက်နှာမှာ မကျေနပ်ခြင်း သဘောမကျခြင်းတွေကိုမြင်ရသော်လည်း သူမကတော့ ပြုံးပြုံးလေးတုံ့ပြန်လိုက်သည်။ ရှေးရိုးစွဲတဲ့ အစဉ်အလာကို ဘယ်သူမှမပြောင်းလဲနိုင်ရင် ကိုယ်တိုင်ကပဲ ပြောင်းလဲရမှာပေါ့။ အခုနောက်ပိုင်း Graceက အရင်လိုမပျော့ညံ့တော့ပါဘူး။

Philipပြောတဲ့ စာအုပ်တွေအများကြီးဖတ်လာပြီး ကိုယ့်ကိုကိုယ်သေချာသိလာခဲဲ့တယ်။

သူမက ခေါင်းညိတ်ရင်းပင် ဒိုင်လူကြီးတွေရဲ့စကားကို နားထောင်နေသည်။ သူတို့က Graceရဲ့လျှောက်လွှာကို စစ်မေးနေကြတယ်။ အဲ့နောက်မှာတော့ သူတို့ဟာ Graceကိုစေ့စေ့ကြည့်လာပြီး

" သရုပ်ဆောင်ပြနိုင်မလား။ ဇာတ်ညွန်းဖတ်ပြီးပြီထင်တယ် "

" ဟုတ် "

ရှေးဦးစွာ လူကြီးသူမဖြစ်တဲ့ ဒိုင်လူကြီးတွေကို အရင်အရိုအသေပေးပြီးနောက် သူမဟာ ဇာတ်ကောင်အတွက် ခံစားချက်သွင်းလိုက်တယ်။ နဂိုကတည်းက ဒါအတွက် မွေးဖွားလာတဲ့လူမို့ Graceအတွက် လွယ်ကူလွန်းနေသည်။ ဒါ့အပြင် ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လှလှပပထွက်လာခဲ့တယ်။

What is Beauty? [Normal]Where stories live. Discover now