Chapter 17

463 30 0
                                    

နေ့စဉ်ဘဝ



ဒီအဆောက်အအုံက တစ်ထပ်တည်းရှိပြီးကျယ်ဝန်းတာကြောင့် အပေါ်ထပ်အောက်ထပ်ဆိုပြီးပြေးနေစရာမလိုဘူး။ ဒါပေမဲ့လည်း ကလေးတွေကို ညအချိန်အထိ ထိန်းရဦးမယ်ဆိုတာတော့ နည်းနည်းအဆင်မပြေနေပါ။

မည်မျှပင်ဖြစ်နေပါစေ Graceအတွက်တော့ ငိုယိုမိရင်တောင် ဒါကလုပ်ကိုလုပ်ရမှာ။ တကယ့်ကို မငြင်းမပယ်ဘဲ လုပ်ရမယ့် အလုပ်ဖြစ်နေခဲ့တယ်။ နွေရာသီမို့ ညချမ်းအချိန်က သိပ်မပူပြင်းချေ။ ဒါပေမဲ့ ဟူဒီအနွေးထည်နဲ့ ညအိပ်ဝတ်စုံဝတ်ထားသည်။

လက်တွေ့၌တော့ ဇိမ်နဲ့ကွပ်ပျစ်မှာမအိပ်နိုင်သေးဘဲ ကလေးတွေရဲ့ ဒိုင်ဘာကိုလဲပေးနေရတယ်။ ကလေးတွေကများတာမို့ တစ်ယောက်တစ်လှည့်မဟုတ်ပဲ  အားလုံးကူညီဖြစ်သည်။

" ငါ့ကို ကလေးမမွေးခင် သင်ခန်းစာပေးသလားထင်ရတယ် "

" အစ်မကလည်းအဲ့လောက်လဲ မဟုတ်ပါဘူး "

Yeonကတော့ ပရော်ဖက်ရှင်နယ်ကျစွာ ကလေးရဲ့ဒိုက်ဘာကို အလွယ်တကူလဲပြီး အမှိုက်ပုံးထဲထည့်ပစ်သည်။ ယင်းနောက် အိပ်ဖို့ပြင်ဆင်ထားသော ကွပ်ပျစ်ပေါ်သို့တက်သည်။

အေးဆေးလေးဖြစ်ပုံရပြီး ခေါင်းအုံးပေါ်လှဲအိပ်ရင်း ခဏနားနေသေးတယ်။

" အစ်မတို့ ကလေးယူရင်ဒါက အတွေ့အကြုံရမှာပါ "

" မဖြစ်နိုင်တာ ငါ့အတွက်တော့ အိပ်မက်ဆိုးလိုပဲဟဲ့ "

Olivaက ဤကဲ့သို့မဟုတ်မခံပြန်ပြောနေသလို Graceကလည်း မျက်နှာရှုံ့မဲ့၍ ထောက်ခံနေသေးသည်။ ဒါမျိုးကို ဘယ်တုန်းအခါမှမလုပ်ဖူးဘူး။ ကလေးတွေကိုမုန်းတာ မဟုတ်ပေမယ့် ဒိုင်ဘာခဏခဏလဲပေးရတာမျိုးကို စိတ်ကုန်သည်။ ဒါ့အပြင် ဘာကြောင့်မှန်းမသိ အော်ငိုနေတာကိုလည်း နည်းနည်းတော့ မုန်းမိတယ်။

" ပြီးပြီ။ အခုမှအသက်ရှူချောင်တော့တယ် "

အသက်မရှူဘဲ အသက်အောင့်ထားတဲ့ Graceဆီမှဖြစ်ပြီး ကလေးလေးရဲ့အနှီးကိုပတ်ရင်း ပုခက်အိပ်ရာထဲ သိပ်လိုက်သည်။ တစ်ခြားကလေးတွေကိုကြည့်တော့လည်း နှစ်ခြိုက်စွာအိပ်နေတာမို့ သက်သာရသွားတယ်။

What is Beauty? [Normal]Where stories live. Discover now