Chapter 24

503 37 0
                                    

အနားယူခြင်း

" ပန်းဝယ်ဖို့လာတာတော့ မှန်ပေမယ့် ဘယ်လိုပန်းမျိုးပေးရမလဲမသိဘူး "

" ဘယ်သူ့ကိုပေးဖို့လဲ ရွေးပေးမယ်လေ "

သူမက တစ်ကိုယ်တည်းကြားအောင်တိုးတိုးလေး ပြောမိတာပါပဲ။ ဒါကို တစ်ဖက်က အမျိုးသားက ဘယ်လိုလုပ်ကြားသွားလဲမသိ။ အခြေအနေက နည်းနည်းရှက်စရာကောင်းတယ်။

လူကိုကြည့်မိပြီး ဝတ်ကောင်းစားလှဆိုတော့ ဒီဆိုင်က,လူမဟုတ်မှန်းသိသာသည်။ သို့သော်လည်း လူတွေအများကြီးရှိတဲ့အထဲမှ ဘာလို့သူ့ကိုမှ စကားလာပြောပြီးဝင်ရောတာလဲ ဆိုတာစဉ်းစားလို့ကိုမရဘူး။

Graceမှာ ယခုမျက်နှာအပြည့်ကိုဖုံးကွယ်ထားပြီး Maskတပ်ထားတာလေ။ ဒီသူစိမ်းအမျိုးသားကိုတော့ တကယ်အံ့ဩမိသည်။

" အိမ်ကအမေကို လက်ဆောင်ပေးမလို့ အိမ်ကိုမပြန်တာကြာပြီဆိုတော့ "

" သစ်ခွပန်းတွေဆိုရင်ကော သူ့အဓိပ္ပာယ်က ကျက်သရေရှိခြင်း လှပခြင်းနဲ့ ချစ်ခြင်းမေတ္တာတဲ့ "

" အော် အဲ့လိုအဓိပ္ပာယ်ကိုး "

တကယ်တော့ Graceမှာ ထိုအကြောင်းကို လုံးလုံးလျားလျားမျှမသိပါ။ယင်းနည်းတူ ခေါင်းတညိတ်ညိတ်ငြိမ့်ရင်းဖြင့် သစ်ခွမျိုးစိတ်တွေရဲ့ တစ်ခါမှမမြင်ဖူးသော ပန်းများစွာကိုကြည့်မိသည်။ အရောင်တွေကွဲပြားရုံမက ပုံစံတွေကပါ မတူညီကြပါလား။

ဒီလိုကျတော့လည်း စိတ်ဝင်စားစရာကောင်းသား။ သူမသည် ပန်းများကို စိတ်ဝင်စားစွာကြည့်ရှုစဉ်မှာ ဘေးကချောမောသည့်အမျိုးသားကတော့ Graceကိုသာ ငေးစိုက်ကြည့်၏။

ထိုအမျိုးသားရဲ့မျက်ဝန်းတွေမှာ သူမကိုစိတ်ဝင်စားခြင်းများစွာပါဝင်ရုံမက သဘောကျကြောင်းထင်ရှားသည်။ သူ့၏နှုတ်ခမ်းပါးက အပြုံးတွေကိုတောင် တစ်ချို့သတိထားမိလောက်တော့မယ်။ ဒါပေမဲ့ အနှီအမျိုးသမီးလေးကတော့ ဘာဆိုဘာမှမသိချေ။

Philip ဒီအလှလေးကို ထပ်တွေ့ချင်ခဲ့တာမှ အရူးအမူးပဲ။ လွန်ခဲ့တဲ့တစ်လ အထူးသဖြင့် Rachelနဲ့လမ်းခွဲပြီးနောက် အလှလေးအကြောင်းကို တောက်လျှောက်စုံစမ်းပေမယ့် ဘာဆိုဘာမှမသိခဲ့ရဘူး။ Mတစ်နိုင်ငံလုံးရဲ့ တက္ကသိုလ်အစုံစုံစမ်းပေးမယ့် သူ့အလှလေးကတော့ လျို့ဝှက်ဆန်စွာနေထိုင်သလားထင်မှတ်ရသည်။

What is Beauty? [Normal]Where stories live. Discover now