Chapter 25

504 33 0
                                    

ဘဝသစ်

" Grace မဟုတ်လား။ ငါတို့မတွေ့တာကြာပြီနော် "

Hot dogအရောင်းဆိုင်က အထွက် လူတစ်ယောက်ရဲ့နှုတ်ဆက်စကားသံကြောင့် လှည့်ကြည့်မိလိုက်သည်။ အမှန်တော့ မလှည့်ကြည့်ခင်ကတည်းက ရိပ်မိနေပြီးသား။ ဒါက နှစ်ယောက်မရှိတဲ့ Coleဖြစ်မယ်ဆိုတာ ဗေဒင်တွက်စရာမလိုသလို၊ မေးမြန်းနေစရာလည်း မလိုအပ်ဘူး။

ဒီနေ့ အိမ်မှာပျင်းရိတာမို့ အပျင်းပြေမြို့ထဲထွက်လာတာပဲ။ ခေါင်းထဲမှာ ဒီနေ့အတွက် ဘာလုပ်ရမယ်ဆိုပြီးအစီစဉ်မဆွဲထားဘူး။ မုန့်စားမယ်၊ ရချင်တဲ့ပစ္စည်းတွေ ဝယ်မယ် ဒီလောက်ပဲရှိသည်။ ဧကန်လည်း ဘာထူးထူးထွေထွေမှရှိမနေဘဲ။

လက်ထဲက မုန့်ထုပ်တွေကိုကိုင်ထားရင်းပင် Coleကိုပြုံးပြသည်။ Coleက အရင်တုန်းကလို မပြောင်းမလဲရှိနေတုန်းဖြစ်ပြီး Graceကိုလှမ်းဖက်သည်။

" အဆင်ပြေတယ်ဆိုလို့ ဝမ်းသာလိုက်တာ။ မတွေ့ရတဲ့အတောအတွင်း တော်တော်တိုးတက်လာတာပဲ "

" ဘာကို တိုးတက်တာလဲ "

အေးလေ။ ဘာကိုပြောလို့ ပြောမှန်းမသိတော့ Graceထပ်မေးမိတာမမှားဘူး။ ယခုလည်း Coleကိုဖက်ထားရာမှခွာလိုက်ပြီး လမ်းလယ်ခေါင်မှာ နှစ်ယောက်သားအတူရှိနေကြသည်။ ဒီတိုင်း Coleကိုတစ်ယောက်တည်း မြင်တွေ့ရတော့ Graceလိုပဲလက်ရှိမှာ တစ်ကိုယ်တည်းဖြစ်နေပုံတယ်။

သေချာ မမေးရသေးတာကြောင့် ဘာလဲဆိုပြီးတော့ မသိသေးပါ။ အဲ့လောက်ထိလည်း စပ်စုဖို့မလိုအပ်ဘူးလို့ ထင်မြင်မိတာမို့ Graceမျိုသိပ်ထားလိုက်သည်။

သူမ စကားကြောင့် Coleကရယ်မော၍

" အခုလို အပြင်ထွက်နိုင်လာတာကိုပြောတာ။ ဟိုတစ်ခေါက်ကဆို ငါခေါ်မှ အပြင်ထွက်ဖြစ်တာလေ။ အဲ့တာကိုပြောတာပါကွာ "

" အော် အဲ့လိုလား။ ငါလွန်ခဲ့တဲ့တစ်ပတ်ကမှ ပရဟိတလုပ်ပြီးပြန်ရောက်တာ။ အဲ့ဒီကပြန်လာပြီး ပြောင်းလဲသွားတာနေမှာပေါ့ "

" ဝါး မိုက်လိုက်တာ "

Graceကို အံ့ဩသဖွယ်ကြည့်ရုံမက လက်မထောင်ပြနေသော Coleဖြစ်သည်။ Coleက ထိုသို့သော သူငယ်ချင်းမျိုးဖြစ်ပြီး Negativeဆန်တဲ့ စကားတွေကို သူ့ထံက ဘယ်တော့မှကြားရမှာမဟုတ်ဘူး။ လူဆိုတာ တစ်ခါတစ်ရံတော့ မကောင်းမြင်တတ်ပေမယ့် Coleကတော့ တတ်နိုင်သလောက်ရှောင်ရှားသည်။

What is Beauty? [Normal]Where stories live. Discover now