Chapter 70Final:𝙈𝙚𝙖𝙣𝙞𝙣𝙜 𝙤𝙛 𝘽𝙚𝙖𝙪𝙩𝙮

1.5K 41 0
                                    


မတ်လရောက်ရှိလာပြီမို့ ရာသီဥတုကအရင်လောက် အေးစက်မနေတော့ဘူး။ အအေးလျော့ပြီးနေရထိုင်ရသက်သာလာခဲ့ပြီ။

ထို့အတူပါပဲ Graceလည်းအခုဆို Belovedအမည်ရှိတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်ကိုဖော်ပြထားတဲ့ ဇာတ်လမ်းတွဲကြောင့် အောင်မြင်မှုတွေရရှိနေသည်။ဇာတ်လမ်းတွဲဟာ ဖေဖော်ဝါရီလဆန်းမှ ထွက်ရှိခဲ့ပြီး တစ်ခဲနက်အောင်မြင်မှုအကြီးကြီးရခဲ့တယ်။

မကြာခင်ကမှ Graceနဲ့Philipတို့ရဲ့စေ့စပ်ထားကြောင့် ကုမ္ပဏီဘက်ကကြေငြာတော့ အုတ်အုတ်သောင်းသောင်းဖြစ်သွားရသေးသည်။ တစ်ချို့ကျတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်တော့မယ်ဆိုတော့ နှမြောတသဖြစ်နေကြတယ်။ အမျိုးသားထုသည်ကား အခုမှအချစ်ကိုတွေ့ရှိစဉ် ပိုင်ရှင်ရှိကြောင်းသိလိုက်ရတော့ ခံစားချက်သိပ်မကောင်းကြဘူး။

မည်မျှပင်ဖြစ်စေတော့ Penhouseထဲ၌ အေးအေးလူလူရှိနေကြသော စုံတွဲတစ်တွဲရှိနေသည်။ မနက်ခင်းအချိန်ရှိနေပြီး စူးစူးရှရှနေရောင်ခြည်ဟာ ကြည်လင်သောမှန်သားပြင်ကို ထိုးဖောက်ဝင်ရောက်လာတော့တယ်။

ထမင်းစားခန်းနှင့်ဧည့်ခန်းတစ်ဆက်တည်းဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်းမြင်ရသည်။ တစ်ခုတည်းသော မီးဖိုခန်း၌ မနက်စာအတွက်ပြင်ဆင်ပေးတဲ့ Graceက ရွှင်ရွှင်ပြပြပါပဲ။ အနက်ရောင်ဆံပင်ရှည်ကို စုစည်းထားပြီး ညအိပ်ဝတ်စုံအဖြူရောင်ကိုဝတ်ဆင်ထား၏။ ဒါ့အပြင် လက်ချောင်းလေးတွေဟာ မနက်စာအတွက်ကြော်လှော်ရင်း အလုပ်ရှုပ်နေတော့သည်။

ဒီမနက်စာလေးက Graceအတွက်အများကြီးမပင်ပန်းပါဘူး။ မိဘအိမ်မှာလည်း လုပ်ဖူးနေတော့ အေးဆေးလုပ်နိုင်တယ်။

ထိုစဉ်မှာပင် အိပ်ချင်မူးတူးနဲ့ အပေါ်ထပ်ဗလာနှင့်Philipက ဧည့်ခန်းထဲထွက်လာခဲ့သည်။ အဖြူရောင်အသားအရေရှိပြီး ဝမ်းဗိုက်၌ ကြွက်သားရှစ်မြောင်းကိုမြင်ရ၍ အားကစားလိုက်စားကြောင်းသိသာလှတယ်။ သူဟာ တစ်ခုမျှဂရုမစိုက်မိဘဲ  Graceရဲ့ကျောပြင်ငယ်ကိုသာ ငေးစိုက်ကြည့်မိ၏။

" ဘေဘီ ဒါတွေမလုပ်ပါနဲ့ဆို "

ရုတ်တရက်ကြီး ခါးဖက်ထားတဲ့ Philipကြောင့် သူမမျက်နှာလေးမဲ့သွားသည်။ ဒါပေမဲ့ ဂရုမစိုက်၊ ကြော်လက်စ ထမင်းကြော်ကိုကြော်နေလိုက်တယ်။

What is Beauty? [Normal]Where stories live. Discover now