Chapter 59

419 25 0
                                    

နှလုံးသားထဲက စကားလုံးများ

Philipက အလုပ်ချည်းလုပ်နေသူမို့ ရုပ်ရှင်သိပ်မကြည့်ဖြစ်။ ကြည့်ဖြစ်ရင်တောင် တစ်ခါတစ်ရံမျှသာ။ များသောအားဖြင့် သူဟာ အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးသူဖြစ်တယ်။

ဒါပေမဲ့လည်း အခုတော့ သူဟာ ဇာတ်လမ်းတွဲတစ်ခုကို အပတ်တိုင်းစောင့်ကြည့်နေတတ်ပြီ။ ဟုတ်တာပေါ့ Graceပါဝင်ထားတဲ့ ဇာတ်လမ်းတွဲကြောင့် စိတ်ဝင်တစားကြည့်မိသည်။ ကိုယ့်ကိုကိုယ် Supportive Boyfriendလို့လည်း မခံယူပေမယ့် ချစ်သူလေးက ဒီထဲမှာ အချိန်ကောလူပါ နစ်မြုပ်ပြီး အားထုတ်ကြိုးစားထားတာမို့ ကြည့်သင့်တယ်။

ပုံမှန်ဆို ဒီအချိန်ဟာ အလုပ်တွေလုပ်နေရင်လုပ် မဟုတ်ရင် အိမ်ဒီဇိုင်းအသစ်တွေဆွဲပြီးလောက်ပြီ။ သို့သော် ဒီနေ့တော့ အလုပ်ခန်းထဲမှာပင် ဇာတ်လမ်းတွဲကိုကြည့်နေခဲ့သည်။

အကြိုက်ဆုံးကော်ဖီကို တစ်ငုံသောက်ပြီး ဇာတ်လမ်းတွဲကိုကြည့်နေရတာ ဒီလောက်ဇိမ်ကျမှန်း အခုမှသိတော့တယ်။ စိတ်ထဲကအတိုင်းပြောရရင် Philip သဝန်တိုမိသည်။

ဇာတ်လမ်းတွဲထဲမှာမှန်းသိပေမယ့် Graceနဲ့ဖက်တဲ့အခန်းတွေ၊ လက်တွဲတဲ့ အခန်း ပြီးတော့ နမ်းတဲ့အခန်းတွေပါပါလာတာကြောင့် သူဆက်မကြည့်နိုင်တော့ဘူး။ ရှေ့အပိုင်းတွေကို လက်ခံနိုင်ပေမယ့် အခုကြည့်တဲ့အပိုင်းကတော့ နှလုံးသားကို ပွက်ပွက်ဆူလာစေတယ်။

Philipဒါကို လုပ်ငန်းသဘောအရကြည့်ရမှာမို့ အသက်ပြင်းပြင်းရှူရင်း  ကြည့်လက်စကို ခဏရပ်တန့်မိသည်။

ထိုစဉ် စားပွဲပေါ်ကဖုန်းမြည်သံကြောင့် အမြန်ပဲ ကိုင်လိုက်တော့တယ်။အချိန်ကိုကြည့်မိသည့်အခါ ၉:၀၃။ ညဉ့်နက်ချိန်မဟုတ်ပေမယ့် ဒီချိန်ဆို Graceဖြစ်လိမ့်မယ်လို့ သူထင်လိုက်သည်။

ဖုန်းမျက်နှာပြင်က အဆက်အသွယ်ဟာ -ဘေဘီ-လို့ရေးထားပုံရရင် ဒါဟာ Graceဖြစ်ကြောင်း အသိသာကြီး။ သူ့ရဲ့မှုန်ကုတ်ကုတ်မျက်နှာက ချက်ချင်းကို ပြုံးရွှင်လာပြီး ဖုန်းကိုအမြန်ဆုံးကိုင်သည်။

" ဘေဘီ ဒီနေ့နောက်ကျလှချည်လား။ တနင်္ဂနွေနေ့မှာ ဘာတွေလုပ်ဖြစ်သေးလဲ "

What is Beauty? [Normal]Where stories live. Discover now