Chapter 19

465 30 0
                                    

ရုတ်တရက်ရောက်လာတဲ့ သတင်းစကား


ဒီမှာနေရတာ အဆင်ပြေတယ်လို့ခံစားရပြီးတဲ့နောက် စိတ်အခြေအနေလည်း ကောင်းမွန်လာသလိုပင်။ စစချင်းတုန်းကဆို နေတိုင်းနီးပါးတိတ်တိတ်လေးငိုဖူးသည်။ အခုတော့ မငိုဖြစ်တော့ဘူး။

ဒါပေမဲ့ ကလေးတွေပျော်တာကိုကြည့်ရင်း ထပ်တူဝမ်းသာမိသည်က ဧကန်။

" ဘယ်တော့ မိုးတိတ်မှာလဲဟင် "

" ဟုတ်တယ်။ မိုးရွာလွန်းလို့ ဘောလုံးမကန်ရတာကြာပြီ "

ဘေးက ကလေးလေးနှစ်ယောက်က သူမနှင့်အတူ မိုးရွာနေတဲ့ပတ်ဝန်းကျင်ကိုကြည့်ရင်းပြောလာကြသည်။ ဒီနေ့က ကျောင်းပိတ်သော်လည်း ကလေးတွေနဲ့တွေ့ကြရမြဲ။ ဒါ့အပြင် ပျင်းစရာကောင်းတဲ့ မိုးတွေရွာလွန်းလို့ ကျောင်းအပြင်ကို ထွက်ချင်စိတ်မရှိကြဘူး။

အခုလည်း Graceပျင်းလို့ ကလေးတွေနေတဲ့ အဆောင်ကိုရောက်နေခြင်းသာ။ အမှန်က Kellerနောက် လိုက်လာတာဆိုပိုမှန်မယ်။ သူမက မူလတန်းနောက်ဆုံးနှစ်ကလေးတွေကို ဖိုင်ကောက်နေခြင်းဖြစ်သည်။ အကြောင်းကား ဒီစာသင်နှစ်ပြီးရင် ဘယ်ကိုသွားမလဲဆိုပြီး ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကို ကောက်ယူနေခြင်းဖြစ်၏။

နောက်မှ ဥရောပကျောင်းသွားဖို့ အမှတ်မှီမမှီတော့ လူကြီးတွေပြန်လည်စီစစ်မည်ထင်ရဲ့။ တကယ်တော့ Graceလည်း ဘာမှမသိပါ။

ဒါပေမဲ့လည်း ယခုရောက်ရှိသည့် ပထမအထပ်၌တော့ ကလေးတွေရဲ့ခုန်ပေါက်ပြေးလွှားသံတွေကြားနေရသည်။ အားလျော်စွာ အဆောင်က သုံးထပ်အဆောက်အအုံမို့တော်ကာကျသည်။

" ဒါနဲ့လေ ဘာလို့ဒီကိုလာခဲ့တာလဲ ဆရာမKellerကြောင့်လား "

နောက်တစ်ဖန်ထပ်မေးတဲ့ ကလေးသေးသေး၏အသံကြောင့် အတွေးလွန်နေပုံရသော Grace လှုပ်ရှားစပြုသည်။ ဧကန်လည်း သတိမထားမိဘူး။ အကြောင်းမဲ့ မိုးစက်တွေကိုကြည့်နေတာမို့ အသိစိတ်လွတ်သွားပုံပဲ။

ဒါပေမဲ့ ချက်ချင်းဆိုသလို ကလေးတွေဘက်ကို အာရုံစိုက်လိုက်ရင်း

" ဟုတ်တယ်။ Kellerက စာရွက်လာယူတာတဲ့။ ဆရာမလည်းပျင်းလို့ လိုက်လာတာ "

What is Beauty? [Normal]Where stories live. Discover now