Chapter 56

405 26 0
                                    

အလုပ်ရှုပ်သော နေ့ရက်များ

ကျောင်းတက်လိုက် အလုပ်ပြေးလိုက်နဲ့ အချိန်တွေက ဘယ်လိုကုန်လို့ကုန်မှန်းတောင် မသိခဲ့။ အိမ်ကိုပြန်ရောက်တော့ ည၈နာရီတောင်ရှိနေပြီ။ စင်စစ်အားဖြင့် မိုးချုပ်နေတာတော့ မဟုတ်ဘူး။ မြို့ကြီးပြကြီးမို့ ဒီအချိန်ဟာ ဘာမှတော့မဟုတ်ခဲ့ချေ။

Graceသည် လွယ်အိတ်အကြီးကြီးကို ဆိုဖာပေါ်မှာ ပစ်ချထားလိုက်ကာ လူလည်းဆိုဖာပေါ်လှဲလျောင်းလိုက်တယ်။

မနက်အတန်းချိန်ပြီးတော့ ရိုက်ကူးရေးမမှီမှာစိုးလို့ အပြေးသွားရသေးတယ်။ ဟိုမှာလည်း တစ်ညနေလုံး ရိုက်ကူးရပြီးနောက် အိမ်ပြန်ရောက်တော့ လူကပင်ပန်းနေပြီ။ အိမ်ဆိုပေမယ့် ကျယ်ဝန်းတဲ့အိမ်လည်းမဟုတ်တဲ့ တစ်ယောက်ခန်းအဆောင်နဲ့တောင်ဆင်တူသည်။

ဒါပေမဲ့ အိပ်ခန်းရယ် မီးဖို၊ဧည့်ခန်း၊ရေချိုးခန်းအစရှိသည်တို့ ပါရှိတာကြောင့် အိမ်လို့ပဲသုံးနှုန်းလိုက်တယ်။ တစ်ယောက်တည်းနေရတာမို့ နားအေးသက်သာပေမယ့် သန့်ရှင်းရေးတော့ လုပ်နေရတုန်းပင်။

လှဲအိပ်နေရင်း မျက်လုံးအစုံတို့က အလိုလိုမှိတ်ချင်နေပြီ။ တစ်နေကုန် ပြေးလွှားနေတာကြောင့် ခန္ဓာကိုယ်မဆေးကြောရသေးဘူး။

ဒါပေမဲ့Graceကတော့ ဒါကိုလစ်လျူပြုပြီးငိုက်ခနဲ အိပ်ပျော်သွားခဲ့သည်။ ဆိုဖာအကျယ်ကြီးဖြစ်သော် ထိုင်ခုံတစ်ခုမို့ အိပ်ရာလောက် ကျယ်ဝန်းခြင်းမရှိ။ Graceကတော့ တစ်နေကုန်အလုပ်တွေနဲ့ပင်ပန်းခဲ့တာကြောင့် လှဲလျောင်းလိုက်တာနဲ့ အိပ်မောကျခဲ့တယ်။

ခန္ဓာကိုယ်သေးသေးလေးဟာ ခပ်ကွေးကွေးလေး ဆိုဖာထက်တွင်ရှိနေသည်။ ခြေရင်း၌ အိတ်အကြီးကြီးကိုထားရှိထားတယ်။

သူမအတွက် Z cityဟာ အခက်အခဲအများကြီးမရှိပါဘူး။ဒါပေမဲ့ ဘဝရည်မှန်းချက်ပြည့်ဝဖို့တော့ လူတိုင်းဟာကြိုးစားရုန်းကန်နေရဆဲပဲလေ။ Graceရဲ့မျက်နှာမှာ အမာရွတ်ရှိနေရတာကြောင့် သူများထက်ပိုပြီးကြိုးစားရတယ်။ သရုပ်ဆောင်ဆိုတာ ရုပ်ချောကြည့်ကောင်းမှဆိုပြီး တသမတ်တည်းထားတဲ့ အနုပညာလောက,က လူတွေကြောင့် ပိုပင်ပန်းတယ်။

What is Beauty? [Normal]Where stories live. Discover now