Chapter 9

591 38 0
                                    


ဖြေရှင်းခြင်း

ဆေးရုံကနေ ဂျူတီပြီးတော့ Luckyအိမ်ကိုတန်းမပြန်ဖြစ်သေးဘူး။ အမှန်လည်း သူမသည် နေအိမ်ကိုတစ်လတစ်ခါလောက်မှပြန်ဖြစ်သည်ကိုး။ ဆေးရုံမှာနေရင်နေ၊ မဟုတ်ရင် သူငယ်ချင်းတွေနဲ့စုနေတဲ့မြို့ထဲကအိမ်မှာနေဖြစ်သည်။

ဒါပေမဲ့လည်း တစ်ဦးတည်းသော ညီမလေး ဒီမှာရှိနေတော့ အမြဲလိုလိုအိမ်ပြန်ဖြစ်တော့မည်။ အဓိကကတော့ စိတ်အားငယ်တတ်လွန်းတဲ့ ကလေးမလေးကို စိတ်မချလို့ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာအကြောင်း စိတ်ဝင်စားလို့လေ့လာမိခဲ့ရကနေ နောက်ဆုံးတော့ မိသားစုဝင်အတွက်ဖြစ်လာခဲ့တယ်တဲ့။

ဘာပဲဖြစ်ဖြစ် သင်ယူထားတာမမှားဘူးလို့ Luckyခံစားမိလိုက်သည်။ သူမသည် အပေါ်ထပ်ဂျူတီကုတ်ကို တစ်နေရာမှာချိတ်ပစ်ပြီး အပြင်သွားဖို့ အလွန်စိတ်လောနေပုံရသည်။

ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ချို့က ရိပ်မိသည်ထင်ရဲ့။ အထူးအဆန်းကြည့်ကာ

" ဟေ့ ထူးထူးခြားခြားဒီနေ့မှ အိမ်တအားပြန်ချင်နေပုံပေါ်တယ် "

" ဘာလဲ ရည်းစားတွေဘာတွေများရနေလို့လား။ ဒိတ်ချိန်းထားလို့လား "

" အင်း မဖြစ်နိုင်လောက်ဘူး။ဒီလိုပုံစံကြီးနဲ့က "

ဆရာဝန်ပေါက်စတို့ရဲ့ နားနေခန်းက တစ်ချို့က သူမကိုအမျိုးမျိုးပြောနေကြသည်။ ဒါကို ဧကန်သူမတုံ့ပြန်ချင်ပေမယ့် ရုတ်တရက် messageဝင်လာတဲ့အခါ ဖုန်းကိုအမြန်ကြည့်မိတယ်။ ညီမဖြစ်သူ Graceဆီကဖြစ်၍ စာတိုထဲမှာ ရည်းစားဟောင်းကို ပြဿနာမရှာဖို့ရေးထားသေးတယ်။

၎င်းစာကိုဖတ်ပြီးတာနဲ့ Luckyမှာ မကျေမနပ်ဖြင့် လေးလံသောသက်ပြင်းချမိလိုက်သည်။

" ဟဲ့ဘာလို့လဲ "

" ဘာမှမဟုတ်ဘူး။ ငါ့ညီမ ပို့တာ။ အပြင်အတူသွားဖို့လုပ်ထားကို ငါကနောက်ကျနေလို့ပွားနေပြီ "

" အဲ့လိုဆိုလဲ အမြန်သွားလေ "

" Luckyကတော့ သူ့ညီမကိုတအားချစ်နော်။ ငါ့အစ်မနဲ့များတစ်ခြားစီ "

လုပ်ဖော်ကိုင်ဖက်များရဲ့စကားသံများကိုကြားရသော်လည်း သူမမှာ နားလည်စွာခေါင်းညိတ်ရုံသာတတ်နိုင်ခဲ့သည်။ အဆုံးသတ်မှာ စားပွဲပေါ်ကအိတ်နင့် ဖုန်းကိုယူကာ နားနေခန်းကထွက်လာခဲ့တယ်။ ခေါင်းထဲမှာလည်း ယခုဘယ်ကိုသွားရမလဲ Luckyကောင်းကောင်းသိသည်။သို့သော် အလုံးစုံကို ညီမလေးမသိအောင် သိုဝှက်ထားဖို့တော့ သူမ,မမေ့ဘူး။

What is Beauty? [Normal]Where stories live. Discover now