Chapter 39

427 28 0
                                    

မယုံကြည်နိုင်ခြင်း

ခေတ်မီပြီး ကြီးမားတဲ့အဆောက်အအုံတစ်ခု၏ ရုံးခန်းအတွင်းမှာဖြစ်သည်။ အတိအကျဆိုရလျှင် အစည်းအဝေးခန်းမဟုဆိုရမည်။ အပြင်မှာ နှင်းတွေကျနေပြီး ရာသီဥတုကအလွန်အေးသည်။ ဒါ့အပြင် ဒီနေ့က ဒီဇင်ဘာ၂၄ရက်နေ့ဆိုတော့ ဝန်ထမ်းတွေရဲ့ စိတ်တွေ ကယောက်ကယက်ဖြစ်နေကြမှာ အသေအချာပဲ။

အစည်းအဝေး စားပွဲဝိုင်း၏ အရှေ့မှာထိုင်ပြီး CEOဖြစ်ပုံရတဲ့ အမျိုးသားက မျက်မှောင်ကြုတ်လျက် ထိုလူတွေကိုကြည့်တယ်။ လူတွေအဆင်ပြေအောင် မနက်ခင်းမှာ အစည်းအဝေးလုပ်ပါတယ်၊ ဝန်ထမ်းတွေက တက်ကြွမှုမရှိတာလား သို့မဟုတ် စိတ်များပျံ့လွင့်နေကြသလားပေါ့။

ဆက်ပြီးသုံးသပ်နေရင် အရေးမပါတာမို့  သူဟာ ရုတ်တရက်ကြီး စားပွဲခုံကို အားပါးတရထုရိုက်လိုက်တယ်။

" ဒုန်း" ခနဲ အသံကိုကြားမှ စိတ်ပျံ့လွင့်နေတဲ့ဝန်ထမ်းတွေရော၊ အိပ်ရာကိုတမ်းတနေဆဲ လူတွေအပါအဝင် သူ့ကိုအာရုံစိုက်လာကြသည်။

" ဒါတွေမကြိုက်တာ။ အနည်းဆုံးတော့ အလုပ်မှာအာရုံရှိအုံးမှာပေါ့ "

" ဟုတ်ကဲ့။ ကျွန်တော်တို့ ဆင်ခြင်ပါ့မယ် "

အရောင်းတာဝန်ခံနှင့် ဝန်ထမ်းတွေဟာ သူတို့အမှားကို ဆင်ခြင်မိပြီး ဒီအစည်းအဝေးမှာ အာရုံစိုက်လိုက်ကြသည်။ Philipက ဒီလူတွေကိုကြည့်ပြီး မသက်သာစွာ သက်ပြင်းချလိုက်တယ်။

ဒါတွေကို သူသဘောမကျဆုံးပဲ။ အလုပ်ကလွဲရင် ကျန်တဲ့နေရာသဘောကောင်းရင်ကောင်းလိမ့်မယ်။ သို့ပေမယ့် အလုပ်ဆိုရင် တိကျသေချာမှကြိုက်တတ်သူဖြစ်သည်။

အရင်လို ပြုံးရွှင်တဲ့မျက်နှာထားမရှိတာကိုကြည့်ရင် CEOက သူတို့ကိုဒေါသထွက်နေတာ အသိသာကြီး။ ထို့ကြောင့်လည်း သူတို့တွေသတိထားပြီး အသစ်ဖွင့်မယ့် ဆိုင်အတွက်ဆွေးနွေးကြသည်။

" ဒီတစ်ခေါက် ဆိုင်အသစ်ဖွင့်ဖို့ နာမည်ကြီးတွေကိုခေါ်ရမယ်ထင်တယ်။ ဒါကြောင့်မို့ Z cityထဲက အနုပညာရှင်တွေကို စာရင်းလုပ်ထားတယ် "

What is Beauty? [Normal]Where stories live. Discover now