Chapter 5

819 43 0
                                    


မိတ်ဆွေသစ်

ဒီနေ့လည်း ထပ်ပြီး အကြောင်းမဲ့စွာ ပြက္ခဒိန်ကိုကြည့်နေပြန်တယ်။ ဒါ့အပြင် ဘယ်သူမခေါ်ဆိုလာတဲ့ ဖုန်းခေါ်ခြင်းကိုလည်း အရူးတစ်ယောက်လိုစောင့်မျော်နေမိသည်။

ဤတွင် Grace၏အကျိုးယုတ်မိတ်ဆွေများတော့ မပါဝင်။ ငယ်ကတည်းက အဖော်မက်လွန်းသည်မဟုတ်တဲ့အတွက် ပစ်ချန်ခံရသော ခံစားချက်ကြီးက နာကျင်ပေမယ့် သူ့ဘက်ကတော့ ဘိုင့်ဘိုင်ပဲ။ ကိုယ်တိုင်စိတ်နှစ်ပြီး ပေါင်းသင်းမိတာတော့ ခံရခက်တာပေါ့။

ဒါပေမဲ့လည်း မကောင်းလူတွေက မကောင်းတဲ့လူတွေနဲ့ ပေါင်းမိကြတာများတယ်လေ။ မိမိသည် နဂိုကတည်းက နှုတ်သွက်သူမို့ ဘယ်အချိန်မရွှေး မိတ်ဆွေ သူငယ်ချင်းဆိုတာ ရနိုင်မှန်းသိပြီးသား။ တစ်ခုတည်း တစ်ခုလေးကတော့ အတော်ပင်နှမြောမိသည်။

ထိုအရာကား ကိုယ့်အပေါ်နားလည်မှုပြည့်ဝပြီး အစစ်အမှန်အတိုင်းဆက်ဆံပေးတဲ့ ချစ်သူသာ။ အရင်တုန်းက အချစ်နဲ့ပတ်သတ်ပြီး အဲ့လောက်ကြီးမခံစားရပေမယ့် အခုတစ်ခါမှာအတော်လေးနာကျင်သည်။

ကိုကိုက အမြဲတမ်းနားလည်ပေးတတ်ပြီး အချိန်တိုင်းဂရုစိုက်တတ်တဲ့လူ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဖုန်းတစ်ခါမှမဆက်သွယ်လာဘူး။ ထို့အပြင် သူမဘက်က ဖုန်းဆက်သော် ဖြေကြားခြင်းမရှိတာက ပို၍ရင်နာရသည်။

ဧကန် သမီးရည်းစားဖြစ်ကတည်းက သူမကဆိုးသွမ်းတယ်ဆိုတာမှန်တယ်။ ဒါပေမဲ့လည်း ကိုကို့ဘက်က သည်းခံပေးပြီး လမ်းခွဲမယ့်ကိစ္စတွေတောင် မပြောဖူးဘူး။ ဘာဖြစ်လို့ ပြောင်းလဲသွားရတာလဲ။

Graceသည် လက်ထဲကဖုန်းကိုစေ့စေ့ကြည့်ရင်း မျက်ရည်ဝဲလျက်ရှိသည်။ ပန်းနုရောင်နှုတ်ခမ်းနှစ်လွှာကလည်း တုန်ရီနေကာ ဒီအတွက်အများကြီးခံစားနေရမှန်း သိသာလွန်းတယ်။

ဟုတ်တယ်။ ဘာမှမဟုတ်ဘူးဆိုရင်တောင် အချစ်ရေးကိစ္စမှာ နှလုံးသားနဲ့ရင်းပြီး ရူးလောက်အောင်ခံစားနေရတယ်။ မဟုတ်မှလွဲရော ကိုကိုက ဒီအမာရွတ်ကြောင့်ပဲ ထားခဲ့ချင်တာလား။ သူများတွေ သူမကိုပစ်ခဲ့သလို ကိုကိုလည်း စွန့်ပစ်ချင်ပြီလား။

What is Beauty? [Normal]Where stories live. Discover now