Chapter 22

555 36 0
                                    

အဓိပ္ပာယ်ရှိသော

ကောင်းကင်ယံ၌ မိုးသားကင်းစင်၍ နေမင်းကြီးထွန်းတောက်လျက် အစွမ်းကုန်အလင်းပေးနေသည်။ မူလတန်းကျောင်းဖြစ်သော်လည်း အခြားကျောင်းတွေနဲ့ တူညီနေဆဲပါ။

ဒီနေ့က လဝက်စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။ နောက်တစ်ပတ်မှာတော့ ကျောင်းရဲ့ပျော်ပွဲရွှင်ပွဲရှိသည်။ Graceတို့အဖို့ ပျင်းရိစာမေးပွဲအစား နောက်မှလာမယ့် ပွဲတွေကိုစိတ်ဝင်စားနေကြတယ်။

Graceက နဂိုကတည်းက လူငယ်ပီပီအပျော်အပါးကြိုက်တဲ့လူမို့ ပွဲတွေဘာတွေဆို သူများထက်ပိုပြီး စိတ်လှုပ်ရှားတဲ့လူဖြစ်သည်။ ဒီနေ့အတွက် ဒုတိယတန်းမှာ နောက်ဆုံးဘာသာအတွက် အခန်းစောင့်အဖြစ် တာဝန်ကျပေမယ့် စိတ်ကတော့ ပျံ့လွင့်လျက်။

အတန်းထဲမှာ ဘာသင်လို့သင်မှန်းမသိဘဲ ငြိမ်ငြိမ်လေး နားထောင်ဟန်ဆောင်နေသော ကောလိပ်ကျောင်းသားတွေနှင့်ဆင်တူသည်။ အာရုံပျံ့လွင့်ခြင်းဆိုရင် ပိုမှန်လိမ့်မည်။

စာမေးပွဲဖြေချိန်က တစ်နာရီမို့ စဉ်းစားကြည့်ရင်ခဏလေးသာ။ ဒါ့အပြင် Graceလိုမျိုး ပေါက်ကရတွေထိုင်တွေးနေရင်တော့ ပိုလို့တောင်မြန်နေပါဦးမယ်။

" ညီမ "

" ရှင် "

တစ်ယောက်ယောက်ရဲ့ခေါ်သံကြားမှ Graceသတိထားမိတော့သည်။ အခုတလော အတွေးထဲတိုက်အိမ်ဆောက်နေမိသည်မို့ ဘာဆိုဘာမှမသိခဲ့ဘူး။

အခန်းစောင့် အစ်မကြီးကိုတစ်ချက်ကြည့်လိုက်ပြီး အားနာစွာပြုံးပြ၏။ ဒါပေမဲ့လည်း သူမက Graceကို စိတ်ပျက်ဖွယ်ကြည့်ကာ တိုးတိုးလေးဆိုသည်။

" ခေါ်နေတာကြာလှပြီလေ "

" အော် ညီမအတွေးလွန်နေလို့ တောင်းပန်ပါတယ် "

" ရပါတယ်။ အဲ့လောက်ကြီးလဲမဟုတ်ဘူး။ အချိန်စေ့တော့မယ်လာပြောတာ "

ချက်ချင်းပင် နံရံကတိုင်ကပ်နာရီကိုကြည့်တော့မှ ၁၁နာရီထိုးဖို့ ၁၅မိနစ်ပဲရှိတော့တယ်။ စာမေးပွဲက ၁၁နာရီထိုးရင် ပြီးဆုံးပြီလေ။ ဒါ့ကြောင့် ဒီမတိုင်ခင် အခန်းစောင့်တွေက အဆင်သင့်ဖြစ်သင့်တယ်မလား။

What is Beauty? [Normal]Where stories live. Discover now