Chapter 41

426 28 0
                                    

ဖွင့်ဟဝန်ခံခြင်း

တစ်ညနေလုံး သူများအိမ်ထဲလျှောက်လည်ခဲ့ပြီးနောက် ညချမ်းအချိန်လောက်မှ အဆောင်ပြန်လာခဲ့တယ်။ ညချမ်းဆိုပေမယ့် အလွန်ဆုံးရှိ ၆နာရီဝန်းကျင်သာရှိမည်။

ဒီတိုင်းပြန်သွားလို့ရပေမယ့် အစ်ကိုPhilipက အတင်းလိုက်ပို့ပေးမယ်ပြောနေတာနဲ့ ဒီလိုဖြစ်လာတော့တာပဲ။ ဒါပေမဲ့ ဒီလိုလိုက်ပို့ပေးရာကနေ အထင်လွဲမှုတွေ စလာလိမ့်မယ်လို့ထင်ကိုမထင်ထားတာ။

အဆောင်ထဲက ဧည့်ခန်းမ၌ဖြစ်ပြီး ဘယ်သူမှမရှိဘဲ Graceနှင့်Lucky ၊ဘေးတွင် Lucky၏သူငယ်ချင်းတစ်ယောက်ရယ်။ စုစုပေါင်း သုံးယောက်သာရှိသည်။ သူတို့ပြောပုံအရ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လုပ်အားပေးသွားကြတယ်လို့ဆိုတယ်။

အခန်းတွင်းပူနွေးနေသော် Graceကတော့ ခြေဖျားလက်ဖျားတွေအေးနေသလို ခံစားချက်မျိုး။ ပြီးတော့ သူ့ကိုယ်သူ တရားခံလို့လည်း ခံစားရသေးတယ်။

" အဲ့တစ်ယောက်က ဘယ်သူလဲ။ သူနဲ့တွဲနေတာလား "

" အေးလေ တွဲနေတယ်ဆိုငါတို့ကိုပြောမှပေါ့ "

Luckyသာမက Lucky၏သူငယ်ချင်းဖြစ်သူကပါ မေးမြန်းနေကြသည်။ ဒီအစ်မကြီးတွေ ဘာကိုဆိုလိုမှန်း သူသိသော် အစစ်အမှန်မှာ သူတို့ထင်သလိုမဟုတ်နေတာဘဲ။

" မဟုတ်ပါဘူးဆိုမှ။ ဒီတိုင်းအသိပဲလို့ ဘာတွေဖြစ်ချင်နေကြတာလဲ "

" ဒီမှာငါ့ကိုကြည့်ပြီးပြော ငါကနင့်ထက်အရင်မွေးတာပါနော်။ နင်တို့အချင်းချင်းတွဲနေတာ ဖုံးကွယ်ထားစရာမလိုပါဘူး။ ဟုတ်တယ်မလား  "

" ဟုတ်တယ်။ ငါတို့လည်း သဘောတူပါတယ်ဟ ။ ဒါနဲ့နင့်ကောင်လေးက တကယ့်အချောလေးပဲနော် Grace "

" ရား မဟုတ်ပါဘူးလို့ ဘယ်နှခါပြောရမလဲ။ သူကငါ့ကိုကြိုက်ရင်တောင် ငါမကြိုက်ဘူးရှင်းလား "

ဆိုဖာပေါ်မှာ အေးဆေးထိုင်နေကာမှ ရုတ်တရက်ကြီးထရပ်၍ အော်ပြောလိုက်သည်။ ဒီအချိန်မှာ မျက်စိရှေ့ကလူတွေက သူမထက်အသက်ကြီးသည်ရော၊ဝါကြီးသည်ရောမသိတော့ပါ။ဒေါသထွက်နေတာက ထိပ်ဆုံးမှာရှိနေသည်။

What is Beauty? [Normal]Where stories live. Discover now