All about "𝚆𝚑𝚊𝚝 𝚒𝚜 𝙱𝚎𝚊𝚞𝚝𝚢?"

636 33 2
                                    



ဒီဝတ္ထုလေးက အစပိုင်းမှာအရမ်းDeepလွန်းပါတယ် ဒါပေမဲ့လည်း  ၃လလောက်ထိရေးခဲ့လိုက်ရလို့ အတိုင်းမသိပျော်ရွှင်ရပါတယ်။ကြားထဲဖိစီးမှုတွေရှိပေမယ့်လည်း  တဖြည်းဖြည်းအဓိပ္ပာယ်ရှိလာခဲ့ပါတယ်။ အထူးသဖြင့် အဓိကဇာတ်ကောင်ရဲ့ ဘဝအတွေ့အကြုံနဲ့ အောင်မြင်မှုတွေပေါ့။

ဒါကိုရေးဖို့ 2021ကတည်းက စဉ်းစားခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် 2022နှစ်စောပိုင်းမှာပဲရေးဖြစ်ခဲ့တယ်။ အဓိကကတော့ ဒီနေ့ခေတ်ပြဿနာတွေကိုပြသချင်လို့ပါ။

ဒီထဲမှာ ရှေးရိုးစွဲတဲ့အစဉ်အလာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေအကြောင်းကို အများကြီးသိခဲ့ရမယ်ထင်ပါတယ်။
ဒါ့အပြင် ဆိုရှယ်မီဒီယာကနေ စိတ်ဓာတ်ကျခြင်း၊ကိုယ့်ကိုကိုယ် သူများနဲ့နှိုင်းယှဉ်ခြင်းစတာတွေကို အများကြီးတွေ့ရတယ်။ စာရေးသူကိုယ်တိုင်လည်း တွေ့ကြုံခဲ့ဖူးတော့ ဒါကိုကောင်းကောင်းနားလည်ပါတယ်။

ဒါကြောင့် ဒီဝတ္ထုကိုရေးကိုရေးရမယ်ဆိုပြီးဖြစ်လာတာပါ။ ဒီဝတ္ထုကတဆင့် စာဖတ်သူတွေအတွက် ချပြချင်ခဲ့ပါတယ်။ ဘဝအတွက် တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်၊ နည်းနည်းလေးပဲဖြစ်ဖြစ် ဒီထဲကနေ အကျိုးရှိတာတစ်ခုခုရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ဒါမှမဟုတ်လည်း ဖျော်ဖြေရေးအနေနဲ့  စိတ်ပျော်ရွှင်မှုဆိုရလည်း ကျေနပ်ပါတယ်။

ဖတ်ရှုပေးကြတဲ့အယောက်စီတိုင်းကို ကျေးဇူးတင်အများကြီးတင်ပါတယ်နော်။ စာဖတ်သူတွေအားလုံးလည်း အစစအရာရာဂရုစိုက်ကြပါ။

[Zawgyi]











.

What is Beauty? [Normal]Where stories live. Discover now