Chapter 29

491 32 0
                                    

တစ်စုံတစ်ယောက်ရဲ့ အမှောင်ထု

မှောင်မည်းနေတဲ့ အခန်းကိုမီးဖွင့်ပြီးနောက် တစ်ခန်းလုံးလင်းထိန်သွားသည်။တစ်ကိုယ်တည်းသမားမို့ သူ့အခန်းက အမြဲလိုလိုရှုပ်ပွနေတတ်တယ်။ ဒါပေမဲ့လည်း အိမ်မှာသန့်ရှင်းရေးဝန်ထမ်းတွေရှိတာမို့ ထိုသန့်ရှင်းရေးကိစ္စကို Philip စိတ်ပူစရာမလိုဘူး။ တကယ်တမ်း စိတ်ပူရမှာ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုဖြစ်တယ်။

ပြင်ပ၌ လှပခန့်ညားခြင်းကိုတွေ့ရသော်လည်း အိမ်အတွင်းတွင်မူကားဇိမ်ခံအိမ်ဖြစ်ကြောင်း ထင်ရှားသည်။သူ့အိပ်ခန်းက ကျယ်ဝန်းပြီး သက်တောင့်သက်သာဖြစ်ပုံရတယ်။ ဒါကြောင့်ပဲ ဘာမှမတွေးတော့ဘဲ ခါးပတ်ကိုဖြုတ်၍ ကုတင်ပေါ်တက်ကာ အနားယူဖို့ဆုံးဖြတ်လိုက်သည်။

ဒီအချိန်က ဘယ်နှစ်နာရီရှိပြီမှန်း မသိပေမယ့် အသိတစ်ယောက်ရဲ့မွေးနေ့ပါတီကပြန်လာတဲ့အခါ ည၁နာရီထိုးသွားမှန်းတော့ Philipသိတယ်။ အခုဆိုရင် ထိုအချိန်ထက်နောက်ကျမှာအသိသာကြီး။ တစ်ညနေလုံး အရေးမပါတဲ့ပါတီမှာ ကုန်ဆုံးပြီးနောက် ပိုပြီးစိတ်ပျက်စရာကောင်းလာတယ်။ အမြဲတမ်းနီးပါးတတ်နေရတဲ့ ပါတိီတွေက သူ့ကိုဘယ်တုန်းကမှ ပျော်ရွှင်စေခဲ့တာမဟုတ်ဘူး။ ထို့အတူပဲ အမြဲတမ်းပြုံးရယ်နေတဲ့လူလို့ အများသတ်မှတ်ထားပေမယ့် တကယ်တော့ သူက အဲ့လိုလူမဟုတ်ပြန်။

တစ်ယောက်တည်းရှိတဲ့အခါ သူ့ရဲ့အေးစက်တင်းမာတဲ့ မျက်နှာကိုတွေ့ရမည်။ ညအခါ ကောင်းကောင်းအိပ်မပျော်တာလည်း ကိုယ်တိုင်သိသည်။ ဒါကြောင့်မို့ လူတွေထင်နေကြသလို ပြီးပြည့်စုံတဲ့လူသားတစ်ဦးမဟုတ်ခဲ့။

အပြင်ကပြန်လာတာတောင် သန့်ရှင်းရေးလုပ်ဖို့မပြောနဲ့ အဝတ်အစားမလဲဘဲ အိပ်ရာထက်၌ လှဲလျောင်းရင်း ခရင်မ်ရောင် မျက်နှာကြက်ကိုငေးကြည့်နေသည်။ အထူးသဖြင့် မျက်နှာကြက်က တောက်ပတဲ့မီးဆိုင်းတို့ကို။

တော်ဝန်ဆန်ပြီးလှပတင့်တယ်သလို ဟိတ်ဟန်တို့ကိုခံစားလို့ရတယ်။ ဒါ့ကြောင့်ဒီမီးဆိုင်းကြီးကို ကြည့်မိနေလားမသိဘူး။ သို့သော်လည်း သူဟာ မနက်ဖြန်အလုပ်အကြောင်းစဉ်းစားနေသတဲ့။

What is Beauty? [Normal]Where stories live. Discover now