Chapter 12

557 34 0
                                    

လမ်းစတစ်ခု




" ဒေါက် ဒေါက် ဒေါက် "

" မမ ငါဝင်လာလို့ရမလား "

တံခါးကိုခေါက်ရုံမက အခန်းထဲဝင်ဖို့အထိပါ Graceခွင့်တောင်းလိုက်တယ်။ အကယ်၍ အစ်မဖြစ်သူကဝင်ခွင့်မရေးရင်တောင် မရမကအခန်းထဲဝင်ပြီးကို ဖြေရှင်းချင်တာ။ ဒါ့ပြင် မျက်နှာထက်၌ မကျေနပ်ကြောင်းထင်ရှားနေသည်။

ဟုတ်တာပေါ့။ ဒီနေ့မနက်စာစားပြီးကတည်းက မိဘနှစ်ပါးဆီက အဆူခံထားရတာကို ဒီတိုင်းငြိမ်နေရမှာလား။ အမှန်ဆို ဒီကိစ္စကိုLuckyဘက်က မပြောသင့်ဘူးလို့ သူမ,ထင်ထားတာလေ။ အခုတော့ အစ်မရဲ့လုပ်ရပ်ကြောင့် မကြာခင်မှာ Graceတောထဲသွားရတော့မယ်။ တကယ့်ကို စိတ်လေစရာကောင်းလွန်းတာပဲ။

" ဒီမှာခေါ်နေတယ်လေ။ တံခါးဖွင့်ပေးပါဆိုမှ "

" ကျစ် စိတ်ရှုပ်လိုက်တာ "

ခဏအကြာမှ တံခါးလာဖွင့်ပေးတဲ့ Luckyကဤသို့ဆိုလာသည်။ သူမကဲ့သို့ Graceလည်း နည်းတူပဲ။ အစ်မဖြစ်သူဆီလာတာ ကောင်းသောလာခြင်းမျိုးမဟုတ်ဘူး။

တံခါးပိတ်လိုက်တဲ့ အစ်မကိုကြည့်၍ သူမက မျက်စောင်းထိုးသည်။

" မမနင့်ကြောင့် ငါအဆူခံရတာ။ ငါကပိုပြီးစိတ်ဆိုးသင့်တာမဟုတ်လား "

" ဒါကနင့်ကိုကောင်းစေချင်လို့လေ "

ဧကန်လည်း Luckyအနေနဲ့ တစ်ဦးတည်းသောညီမကို ဒီနွံထဲကနေလွတ်မြောက်စေချင်တာလေ။ ဒီကိစ္စမှာ သူ့အနေနဲ့မမှားပါဘူး။ ဒါပေမဲ့လို့ လုံးဝလက်မခံဘဲ ခေါင်းချည်းခါနေတဲ့ Greceကို ဘယ်လိုစိတ်ပျော့အောင်လုပ်လုပ် မဖြစ်မြှောက်နိူင်ဘူး။

Lucky သက်ပြင်းချမိသလို နှစ်ဦးသားမတ်တတ်ရပ်လျက် အခန်းအတွင်းမှာအတူရှိနေကြတယ်။သို့သော် ပူအိုက်တဲ့နွေရာသီမှာတောင် အခြေအနေကတင်းမာနေပြီး တောက်လောင်တော့မလားပဲ။

" ငါ့ကိုကောင်းစေချင်တယ်ဆိုရင် နင်အရင်သွားသင့်တာပေါ့။ ဘာလို့ငါ့ကိုလွတ်ရတာလဲ "

" Graceတကယ်ပဲ နင့်အခြေအနေကိုနင်မသိဘူးလား "

" ဘာလဲ ဘာကိုနားလည်ရမှာလဲ "

What is Beauty? [Normal]Where stories live. Discover now