Chapter 65

397 26 0
                                    

ကြမ္မာဖန်တီးတဲ့ဖူးစာ

" ကိုကို ထမင်းမစားတော့ဘူးလား။ ဘေဘီတကယ်တောင်းပန်ပါတယ် အစကတည်းက မပြောခဲ့သင့်တာ "

" ကိုယ်က အဲ့တာကြောင့် စိတ်ဆိုးနေတယ်ထင်လား "

အတော်အတန်ကြာ Philipဆီက စကားမကြားခဲ့ရပေမယ့် အခုတော့ဒေါသသံဖြည့်စွက်နေတဲ့ အသံမာမာကိုသာကြားရတော့သည်။ တစ်ညနေလုံး လစ်လျူပြုခဲ့ရတဲ့အပြင် ဒီလိုအဆူခံရတော့ Graceသည်းမခံနိုင်တော့ဘူး။မျက်လုံးလှလှလေးတို့၌ မျက်ရည်ဝဲလျက်။

အပြင်ဘက်မှာ မိုးရွာနေပြီး Graceလည်း Philipနဲ့စကားပြောနေမယ့်အစား အဲ့မိုးရွာထဲမှာပဲနေလိုက်ပါတော့မယ်။

" ဘာလို့ရှောင်တာလဲ။ ကိုယ်နမ်းတာကိုတောင် လက်မခံချင်ရအောင် အဲ့အိုင်ဒေါလ်ကောင်ကပိုချောနေတာလား "

" ဘေဘီ ကိုယ့်ကိုကြည့် "

Philipက Graceရဲ့မျက်လုံးတွေကို စေ့စေ့ကြည့်နေပြီး သူမ၏လက်အတင်းဆုပ်ကိုင်ထားသေးသည်။

" မဟုတ်ဘူးလို့ပြောနေတယ်လေ။ ဘာလို့ဒါချည်းပြောနေရတာလဲ။ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှမချစ်ပါဘူးဆိုမှ "

သို့သော် Graceကတော့ လက်တွေချုပ်နှောင်ခံထားရပြီး Philip ပေါင်ပေါ်မှာထိုင်နေရပြန်တယ်။ မျက်နှာချင်းဆိုင်ဖြစ်နေတော့ ရင်ခုန်သံတွေမြန်ဆန်ကာ မထိန်းချုပ်နိုင်ခဲ့ဘူး။ ကုတင်ပေါ်မှာထိုင်လျက် သူတို့ အခုထိဘာစကားမှမဆိုရသေး။

​နှစ်ဦးသား ပြဿနာတက်ထားတာကြောင့် အခြေအနေကောင်းမနေသလို၊ ရိုမန့်တစ်ဆန်မနေပါဘူး။ ဒါပေမဲ့ Philipဟာ Graceကိုကြည့်နေခြင်း မရပ်တန့်ခဲ့ချေ။

" ဒါဆိုဘာလို့ နမ်းတာလက်မခံတာလဲ။ပြောလေ ဘေဘီရဲ့"

Graceမျက်နှာလေးကိုဆွဲမော့ထားပြီး သူ့မျက်နှာလည်း တဖြည်းဖြည်းချဉ်းကပ်လာသည်။ Philipက ဇာတ်လမ်းတွဲထက် သူမ,အနမ်းမခံတဲ့ကိစ္စကို ပိုပြီးဒေါသထွက်ပုံရတယ်။ သူ့လက်များဟာ Graceရဲ့ခန္ဓာကိုယ်ကို ဖက်တွယ်ထားလျက် လုံးဝအလွတ်ပေးမယ့်ပုံမပေါ်ဘူး။

" အာ ဒါကြောင့်စိတ်ကောက်နေတာပေါ့။ ဟုတ်လား Philip "

အစက Philipကိုဒေါသထွက်သလိုလိုရှိပေမယ့် ယခုတော့ ထိုအမျိုးသား၏အကြောင်းကိစ္စကို သိရှိသွားပြီမို့ မတူညီတော့ဘူး။သူမက ရယ်နေလျက် Philipအား အသေချာကြည့်နေတယ်။

What is Beauty? [Normal]Where stories live. Discover now