Chapter 15

508 34 0
                                    

ခက်ခဲမှု


နန်းချခံလိုက်ရတဲ့မိဖုရားတစ်ယောက်ထက်တောင် ဆိုးရွားနေမလားလို့ ကိုယ့်ကိုကိုယ်ထင်မိလိုက်သေးတယ်။ တကယ်တော့ နန်းတော်ကနင်ချခံလိုက်ရတဲ့မင်းသမီးနဲ့ အဖြစ်ဆင်တူသည်။

ဧကန်တော့ Graceအနေနဲ့ ဘာမင်းသမီးမှဟုတ်မနေဘူး။ သာမန်လူသားတစ်ယောက်ဖြစ်ရုံမက သူမမှာလိုအပ်ချက်အများကြီးရှိသည်။

ပထမဆုံးနေ့မှာ တာဝန်ကျတာက ကလေးပေါက်စတွေကိုထိန်းရခြင်းဖြစ်၍ ဒါက သူ့ကိုပင်ပန်းစေတယ်။ ကလေးတွေကို ချစ်တတ်လွန်းတဲ့လူမဟုတ်ပေမယ့် သာမန်ကာလျှံကာတွေးမိသူဖြစ်သည်။ ဒါပေမဲ့လည်း မွေးကင်းစကလေးတွေ၊ လသားကလေးတွေကို ထိန်းကျောင်းရတာက တကယ့်ကိုခက်ခဲလွန်းတယ်။

ဒီကျောင်းက မွေးကင်းစကလေးမှစ၍ မူလတန်းအရွယ်ကလေးတွေကို လက်ခံတော့ ထပ်မခေါ်နဲ့လို့လဲပြောလို့မရဘူး။ ထို့အပြင် အခု Graceရဲ့အလုပ်က ဒီမှာနေပြီးစေတနာနဲ့ ကူညီဖို့မဟုတ်လား။ အဲ့အရေးမပါတာတွေတွေးမယ့်အစား အလုပ်လုပ်လိုက်တာ ပိုတောင်ကောင်းအုံးမယ်။

" အစ်မGrace ကလေးကို အဲ့လိုမပွေ့ရဘူးလေ "

" ဟင် "

" ဒီလိုအစ်မ ဒီလို "

သူ့ထက်ငယ်ရွယ်ပြီး ဖျတ်လတ်တဲ့ကောင်မလေးက လက်ထဲက လသားအရွယ်ကလေးလေးကို ပွေ့ယူသည်။ ဒါ့အပြင် ဒီလိုပွေ့ရကြောင်း၊ဒီလို အငိုတိတ်အောင် ချော့ရကြောင်းပြသတယ်။

ဒီကလေးမလေးက ကျွမ်းကျင်ပုံပြီး ကလေးထိန်းတာမျိုးက အေးဆေးဖြစ်လို့နေသည်။ Graceမှာတော့ ဒီမြင်ကွင်းကို အသေအချာကြည့်၍ အံ့ဩနေတာအမှန်။ မထင်မှတ်အောင် လောကကြီးက သင်ယူစရာတွေလည်းရှိပါသေးလားဟု တွေးမိလိုက်သည်။

" ညီမလေးက ဒီမှာလုပ်တာကြာပြီလား "

" အဲ့လိုလည်းမဟုတ်ပါဘူး။ ရွာ(မြို့နယ်)မှာတုန်းက အမျိုးတွေရဲ့ကလေးတွေထိန်းဖူးလို့။ အစ်မလည်း နောက်ဆို ထိန်းတတ်လာမှာပါ "

ထိုကလေးမလေး Yeonက ပြုံးရယ်ကာ ပြောလာတယ်။ အသက်၁၉နှစ်သာရှိသေးပြီး သွားတွေမလှပေမယ့် စိတ်ထားကတော့ သူမထက်သာသည်။ Graceဆို အဲ့လောက်စိတ်ရှည်မယ့်လူမဟုတ်ဘူး။

What is Beauty? [Normal]Where stories live. Discover now