Chapter 32

475 29 0
                                    

အိပ်မက်ဆိုး = အတိတ်ဘဝ

ပတ်ဝန်းကျင်တစ်ခုလုံးက ရှေးခေတ်ကိုပြန်ညွန်းနေသလိုထင်ရသည်။ သေချာသည်က ရှေးဆန်တဲ့ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်မယ်ထင်ရဲ့။

တိမ်တိုက်တို့က ကောင်းကင်ယံမှာထူထပ်နေပြီး နန်းတော်ထဲမှာ တစ်စုံတစ်ရာအတွက်အလုပ်ရှုပ်နေကြသည်။ ညီလာခံအစည်းအဝေး၌ နောက်တစ်ပတ်နေရင် ပြုလုပ်မယ့် တိုင်းပြည်ရဲ့အကြီးမားဆုံးပွဲတော်အတွက်ဆွေးနွေးနေကြတယ်။ ထိုကား ပွဲတော်တစ်ခုမဟုတ်ပဲ နိုင်ငံရဲ့အကြီးအမှူးဖြစ်သော မင်းသား၃၏ မင်္ဂလာပွဲသာဖြစ်သည်။

မင်းသား၃ဟာ အိမ်ရှေ့စံဖြစ်ဖို့လျှာထားခံရတဲ့လူ။ ဒါပေမဲ့ သူဟာ Yမြို့တော်အတွက် မြို့စားမင်းအဖြစ်သာတာဝန်ယူမည် ဆိုတာကြောင့် အိမ်ရှေ့စံအရာကို အခြားသူသို့လွဲအပ်ခဲ့သည်။ ဤကိုကြည့်ခြင်းဖြင့် မင်းသား၃ဟာ သဘောထားပြည့်ဝတယ်လို့ဆိုနိုင်တယ်။

ဒါပေမဲ့ ဒါက လူတွေမြင်ရတဲ့တစ်ဖက်သာဖြစ်သည်။ တကယ်တမ်းတော့ ဒီလူဟာ ထိုသို့မဟုတ်ပါချေ။

နန်းတော်မဟုတ်တဲ့ Yမြို့တော်၏ မြို့စားမင်းအိမ်တော်တွင်ဖြစ်၏။ကျယ်ဝန်းသော ခြံကြီးကိုပိုင်ဆိုင်ထားပြီး အထဲမှာ အဆောက်အအုံများစွာကိုတည်ဆောက်ထားသည်။ မြို့စားမင်းနေတဲ့ အဆောင်၊ထမင်းစားဆောင်၊ စာဖတ်ဆောင်၊ မီးဖိုဆောင်ဟူ၍ အမျိုးမျိုးပိုင်းခြားထားတယ်။ ထူးခြားတာတစ်ခုက ခြံထဲ၌ ပန်းဥယျာဉ်နှင့်အတူ ရေတံခွန်သေးသေးလေးကိုပြုလုပ်ထားခြင်းဖြစ်၏။

အမှန်တော့ ဤသို့ပြုလုပ်ခြင်းက ထူးဆန်းတာမဟုတ်ပေမယ့် တစ်စုံတစ်ယောက်အတွက် ပြုလုပ်ထားပေးခြင်းဆိုရင် ပိုပြီးထူးဆန်းနေလိမ့်မယ်။ တကယ်လည်း  မှန်ကန်နေသည်ကိုး။ ဒါကို မင်းသား၃ တနည်းအားဖြင့် Yမြို့တော်၏မြို့စားမင်းက သူ့ရဲ့ဇနီးလောင်းအတွက်ဖြစ်သည်။

မြို့တော်က လူတွေကတော့ မြို့စားမင်း၏ချစ်တတ်မှုကိုအားကျနေကြတယ်။ ဒါပေမဲ့လည်း ဇနီးလောင်းဖြစ်သော Graceမှာတော့ ဒါကိုလုံးလုံးမျှသဘောမကျချေ။

What is Beauty? [Normal]Where stories live. Discover now