Chapter 67

426 22 0
                                    

Philipရဲ့အချစ်ဦး

မနက်ခင်းအချိန်ဖြစ်သော်လည်း ဒီနေ့တော့ အိပ်ရေးဝမှနိုးထလာခဲ့တယ်။ ဒါပေမဲ့ အခုထိ အိပ်ရာပေါ်မှာရှိနေရင်း ဘေးကအမျိုးသားကို ဖက်ထားမိ၏။

" ဘေဘီ။ ကိုယ်တို့ဒီလိုမနေရတာကြာပြီနော် "

Philipသည် ချစ်သူလေးရဲ့ဆံပင်တွေကိုနမ်းရှိုက်ရင်း အပြုံးချိုချိုပြုံးပြီးနောက် ပြောလာတယ်။ Grace ခေါင်းညိတ်လိုက်သော်လည်း Philipကိုဖက်ထားလျက်ရှိနေတုန်းပဲ။

ဒီတစ်လော နှစ်ယောက်သားအလုပ်ရှုပ်နေကြပြီး အတူမနေဖြစ်တာလည်းကြာလှပြီ။ ဒါ့အပြင် ဒီလိုဖက်ထားဖို့ဆိုတာလည်းဝေးကွာပြန်သေးတယ်။ တစ်နေ့တစ်နေ့ အလုပ်တွေနဲ့နပန်းလုံးရင်း ကျော်ဖြတ်ခဲ့ရမို့ ဒီနေ့ဘာနေ့မှန်းတောင် မေ့နေတတ်တယ်။ တစ်အိမ်တည်းနေလို့ မျက်နှာတွေ့ရပေမယ့် စကားမပြောမဖြစ်တာမျိုးရှိသေးသည်။

ဒီလိုအခြေအနေတွေကို မကြိုက်ပေမယ့် နောက်လည်းရှိလာဦးမှာမို့ လက်ခံထားလိုက်တာပိုကောင်းသည်​။

" ကိုကို ဒီနေ့ကော အလုပ်ရှိသေးလား "

" မရှိပါဘူး။ဘေဘီ့နားရက် အိမ်မှာအနားယူကြမယ်လေ "

လက်သေးသေးလေးတွေဆုပ်ကိုင်ထားပြီးPhilipဆိုတယ်​။ တကယ်တော့ အလုပ်နဲ့ပျက်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ချစ်သူလေးကိုတစ်နေကုန်အချိန်ပေးဖို့ ဆုံးဖြတ်လိုက်တာမို့ သူထုတ်မပြောဖြစ်။

ရှားပါးတဲ့အခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်ရမှာပေါ့။ Philipပြုံးလိုက်ပြီး Grace၏ဆံပင်တွေကို ခပ်ဖွဖွကိုင်နေသည်။

" ကိုကို ဒီဆံပင်ကကြည့်ရဆိုးလားဟင် "

" ဒီဆံပင်ကောက်ကောက်လေးကလား။ ကြည့်ရမဆိုးပါဘူး။ ချစ်စရာကောင်းတယ် "

" ကိုကို အတည်ပြောနော်။ ဒါက ကာရိုက်တာကြောင့်ဆိုပေမယ့် ခေါင်းဖီးတဲ့အခါတအားစိတ်ပျက်စရာကောင်းတယ်ရယ် "

မျက်နှာလေးရှုံ့မဲ့ပြီး သဘောမကျကြောင်းပြောတဲ့အခါ Philipက ပြုံးပြုံးလေးကြည့်နေသည်။သူမရဲ့ ဆံပင်တွေပွတ်သက်ပြန်လျက်

What is Beauty? [Normal]Where stories live. Discover now