Chapter 63:Someone's Birthday

469 22 0
                                    


" ဝါး အခုမှပဲ စာမေးပွဲပြီးတော့တယ် "

" တော်သေးတယ်။ စာဖြေရတာနည်းပြီး ပြဇာတ်တွေ၊ အဖွဲ့လိုက်လုပ်ရတွေပါလို့ကံကောင်း "

" တော်သေးတယ်။ ငါ့လိုစာမလုပ်နိုင်တဲ့လူက ဒီမေဂျာယူမိလို့ "

မီနာစကားကိုကြားတော့ Graceသာမက ကျန်တဲ့သူငယ်ချင်းများလည်း ဝိုင်းရယ်ကြသည်။ ဒီနေ့ဟာ စာမေးပွဲရဲ့နောက်ဆုံးဘာသာဖြေဆိုခြင်းဖြစ်တယ်။ အားလျော်စွာ ထိုဘာသာကလည်း ယခုတင်လေးပဲ ဖြေဆိုပြီးပြီမို့ သူတို့ပျော်ရွှင်နေကြတာ မဆန်းကြယ်။

" စာမေးပွဲလည်းပြီးပြီဆိုတော့ နှုတ်ဆက်ပွဲလေး ဘာလေးလုပ်ကြတာပေါ့။ အားလုံးအားတယ်မလား "

" နေပါဦး ဒီနေ့က ဘာနေ့လဲ "

Graceဖုန်းကို ကြည့်မိသော်လည်း မယုံကြည်နိုင်ဖြစ်နေသည်။ ဘာလို့ဒီနေ့က ၃၀ရက်နေ့လဲ။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေမယ့် ဖြစ်မလာတော့ဘူးထင်ပါတယ်။

" ဟဲ့ နင့်ရာသီဥတုကိုကြည့်ဦး။ မိုးအကြီးအကျယ်ချမယ့်ပုံကြီး "

တစ်စုံတစ်ယောက်၏အကြံပေးချက်ကြောင့် Graceသာမက ကျန်တဲ့လူများလည်း ကောင်းကင်ပေါ်ကိုမော့ကြည့်မိသည်။ တကယ်ကြီးမိုးအုံ့နေတာပဲ။ မနက်တုန်းက နေသာနေတဲ့ရာသီဥတုက ဘယ်လိုဖြစ်သွားပါလိမ့်။ နေ့လယ်ရောက်တော့ လုံးဝကွဲပြားသွားပါလား။

" နင်တို့မသိတာကျလို့ အခုကမိုးရာသီတောင်ရောက်နေပြီလေ။ ဒါကြောင့်မိုးရွာတာမဆန်းပါဘူး "

" စိတ်တော့မကောင်းဘူး။ ငါနင်တို့နဲ့လိုက်နိုင်မှာမဟုတ်ဘူး။ အရေးကြီးသွားစရာရှိတယ် "

Graceဟာ သူမမှာရှိပြီးသား သရုပ်ဆောင်အရည်အချင်းတွေကို ထုတ်ပြလိုက်တာ တကယ်အသုံးဝင်ပုံရသည်။ မီနာနှင့်အခြားသူများကလည်း တကယ်ကြီး အတည်ထင်မှတ်နေပြီ။

" ရိုက်ကွင်းလား။ အခုကော ဘာဇာတ်လမ်းရိုက်မှာလဲ "

" မဟုတ်ဘူး။ တစ်ခြားကိစ္စပါ။ ရာသီဥတုကလည်းမကောင်းတော့ အရင်ပြန်နှင့်ပြီနော် "

" အင်း။ ငါတို့လည်း ခဏနေပြန်တော့မှာ "

What is Beauty? [Normal]Where stories live. Discover now