Chapter 51

450 27 0
                                    

နားလည်နိုင်စွမ်း

" ဟို ကိုကိုကော "

" အောက်ထပ်မှာ စောင့်နေမယ်ပြောပြီးတော့ "

မီးဖိုခန်းထဲဝင်ဟန်ပြင်ရင်း ဘယ်သူမှမရှိသော ထမင်းစားခန်းကိုကျောခိုင်းထားသည်။ မီးဖိုခန်းထဲ စပ်စုချင်လို့ဝင်လာပေမယ့် ဝန်ထမ်းတစ်ယောက်က သူမကို မြင်သွားပြီးနောက် အတင်းကြီးကို ထမင်စားခန်းထဲပြန်ပို့တယ်။

" လာချင်ရတောင် သခင်လေးမရှိတဲ့အခါပေါ့။ မမလေးရယ် "

" အခုသူမရှိဘူးလေ "

မျက်လုံးတွေကတော့ မီးဖိုခန်းရဲ့တံခါးဝမှာဆိုသော် လူက ထမင်းစားပွဲ၌ရောက်ရှိနေပြီ။ မျက်လုံးထဲမှာ စားဖွယ်အစုံရှိနေပြီး အဆင်သင့်စားရုံသာ။ ဒါပေမဲ့ ရေဘဝဲကြော်ကို ပန်းကန်ထဲထည့်လိုက်သည်။

စားရန်ရည်ရွယ်သော်လည်း Philip ဘယ်မှာလဲသိချင်တာနဲ့ ဝန်ထမ်းလေး မထွက်သွားခင် အမြန်မေးမိသည်။

" Philipကော သူဘာလုပ်နေလို့လဲ။ ထမင်းစားခန်းထဲအတူမရှိရအောင် "

" အော် အဲ့တာလား ခဏက သခင်လေးကိုတွေ့လိုက်ပါတယ်။ ဒါပေမဲ့ အခုတော့မတွေ့မိဘူး "

" အဲ့လိုလား။ ရပြီ သွားလို့ပြီ။ သိချင်တာတွေနောက်မှမေးမယ်။ နေ့လယ်စာအတွက် ကျေးဇူးပဲနော် "

သူမသည် ထိုဝန်ထမ်းမိန်းကလေးအား ပြောလိုက်ရင်း တစ်ယောက်တည်း နေ့လယ်စာကိုသုံးဆောင်မိတယ်။ မနက်စာနဲ့နေ့လယ်စာပေါင်းစားတဲ့လူဟာ သူ့လိုမျိုး လူသာဖြစ်ပါလိမ့်မယ်။

ခေါင်းထဲမှာ Philipအဆင်ပြေရဲ့လား ဆိုပြီးသိချင်နေလည်း  ဗိုက်ဆာလောင်နေတာကြောင့် အစားအသောက်၌သာ အာရုံစိုက်မိတော့သည်။ အလုပ်မသွားရပေမယ့် ဒါကပိုကောင်းတယ်လို့တောင် ခံစားနေရသည်။ အရသာရှိတဲ့အစားအသောက်တွေဟာ တကယ့်ကို လူနဲ့တည့်တာပဲ။




တစ်ဖက်၌ Philipဟာ သူ့မိခင်ဖုန်းပြောလျက်ရှိ၏။ ညနေ အစည်းအဝေးရှိပြီး အိမ်ပေါ်ထပ်ကို မေ့ကျန်ခဲ့တဲ့စာရင်းစာအုပ်လာယူတာနဲ့ မာတာမိခင်၏ဖုန်းခေါ်ဆိုမှုနဲ့ တန်းတိုးတော့တယ်။

What is Beauty? [Normal]Where stories live. Discover now