Chapter 58

386 25 0
                                    

နှလုံးသားရဲ့ ရွေးချယ်ခြင်း

" ကိုကို ဖုန်းပြောလို့ရလား "

[ အင်း။ ရတယ်လေ ]

" မနေ့ညက ရိုက်ကူးရေးက ညစာစားပွဲလုပ်နေတာကြောင့် နောက်ကျမှပြန်ရောက်လို့ ဖုန်းမဆက်မိဘူး။ အခုမှ ဖုန်းခေါ်ထားမှန်းသိတာ "

Graceက သူမရဲ့မနေ့ညက အခြေအနေတစ်ချို့ရှင်းပြနေသည်။ တကယ်ဆို မနေ့ကတည်းက ကျေးဇူးတင်ကြောင်းပြောလိုက်ရမှာ အရှုပ်တွေလုပ်နေတာပဲ မေ့လျော့သွားခဲ့တယ်။ ကိုကိုတော့ ဘယ်လိုဖြစ်နေမလဲမသိပေမယ့် Graceသာဆို စိတ်ဆိုးမိလောက်တယ်။

ကိုယ်တိုင်လည်းမှားခဲ့တာမို့ ဘယ်လိုမျိုးတောင်းပန်ရမလဲကို မသိတော့ဘူး။ ဒါပေမဲ့လည်း Graceသည် မနက်စာစားခြင်းကို ရပ်တန့်လိုက်ကာ

" မနေ့ကလက်ဆောင်အတွက် ကျေးဇူးပဲ။ ပြီးတော့ အဲ့ကတည်းက ဖုန်းမဆက်မိလို့တောင်းပန်ပါတယ်။ ကိုကို တကယ်စိတ်ဆိုးနေတယ်မလား "

ဖုန်းပြောရင်း မနေ့ညကရလာတဲ့ ပန်းစည်းတို့က ရေခွက်အကြီးထဲမှာရောက်ရှိနေသည်။ သူမအတွက်တော့ ပန်းအိုးလို့ ယူဆထားပေမယ့် အမြင်တော့လှမှာမဟုတ်ချေ။

" ဒီလို စကားမပြောဘဲ တိတ်နေရင်ကိုကိုတကယ်ကြီး စိတ်ဆိုးနေတာပဲ။ ဘေဘီတောင်းပန်ပါတယ် "

[ မဟုတ်ပါဘူး။ ကိုယ် လက်မှတ်ထိုးနေရလို့။ အခုအဆင်ပြေသွားပြီ။ ဘေဘီဘာပြောချင်လဲ ပြောလေ ]

" သတိရတယ်လို့ "

စင်စစ်တော့ Graceနှုတ်ဖျားတွေက ဒီစကားတွေထွက်ချင်နေတာ မဟုတ်ရပါ။ Liamက သူ့ကိုနှောင့်ယှက်နေကြောင်းပြောလိုက်ချင်ပေမယ့် တမင်တသက်သက် အလုပ်ရှုပ်အောင် လုပ်မိမှာလည်း စိုးရိမ်မိသည်။ Philipက အလုပ်မှာ အာရုံစိုက်ပြီးစေ့စပ်သေချာတဲ့လူ။ သူမကြောင့် တစ်ခုခုဖြစ်သွားမှာတို့ မလိုချင်ဆုံးပဲ။

ဒါကြောင့် ရင်တွင်းကစကားလုံးတွေကို မြိုသိပ်ထားလိုက်ရတယ်။ Liamက သူမကိုဆွဲလားရမ်းလား လုပ်နေတာမဟုတ်ပဲ ဒီတိုင်း အနောက်ကနေတစ်ကောက်ကောက်လိုက်နေတာမို့ သိပ်ပြီးကိစ္စမရှိဘူး။

What is Beauty? [Normal]Where stories live. Discover now