Chapter 47

452 27 0
                                    

မူရာမာယာပိုသော ရည်းစား

" အစ်ကိုPhilipအဆင်ပြေလား။ ဒီနေ့အစားမဝင်သလိုပဲ။ ဘာလို့လဲ လမ်းဘေးဆိုင်မို့လား "

" ဘာမှမဟုတ်ပါဘူး။ ကိုယ်ဒီတလော အိပ်မပျော်လို့ "

Philip အရင်ကဆို ဒီထက်အိပ်ပျော်ဖို့ခက်ခဲ့သည်။Graceနဲ့တွေ့ပြီး သက်သာလာတယ်ဆိုရမယ်။ ဒါပေမဲ့လည်း ဒီထက်ပိုပြီးရင်းနှီးမှုတွေ၊အဆင့်တွေတက်ချင်လာတာမို့ သူလိမ်လည်ခဲ့တယ်။

အလိမ်အညာဆိုပေမယ့် သူတို့နှစ်ဦးစလုံးအတွက် ပိုပြီးကောင်းနေသည်။နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့မို့တွေချိန်ကလည်း နည်းပါးတယ်။ထို့အပြင် Graceရဲ့နှလုံးသားလေးက မာကျောနေတော့ သူကပဲအဆင့်တက်အောင်လုပ်ရမှာပေါ့။ ဤတွင် Philipတစ်စက်လေးမှမမှားပေ။

သို့သော်လည်း မျက်နှာချင်းဆိုင်၌ထိုင်နေပြီး Philipမျက်နှာကိုအကဲခတ်ကြည့်ရင်း မိန်းမလှလေးမှာ စိတ်မကောင်းဖြစ်နေပုံရသည်။

" အိပ်မပျော်တာကြာပြီလား "

ဒီဂရုဏာတရားတွေက ဘယ်ကလာမှန်း Graceတစ်စက်မှမသိတော့ပါ။ မဟုတ်ရင်လည်း ကိုယ့်အပေါ်အများကြီးကောင်းပေးတဲ့လူအပေါ်  စိတ်ယိုင်ချင်နေတာမျိုးပဲ။

ဟုတ်တယ်။ Philipက ရုပ်ချောတာတစ်ခုတည်းမဟုတ်ပဲ သူမရဲ့အရာရာကိုလက်ခံပေးတယ်။ပြီးတော့ စိတ်ရှည်သည်းခံပေးသေးတယ်။ စဉ်းစားကြည့်ရင် သူမဘက်ကလုပ်ပေးနိုင်တာတစ်ခုလေးမှရှိမနေ။

ဒါမှမဟုတ် အတူရှိနေတော့ သံယောဇဉ်တွယ်တာလည်းဖြစ်ပါလိမ့်မယ်။ ဒီအခိုက်အတန့်၌ သူမ ဘာမှမတွေးမိတော့ဘဲ Philipမျက်နှာကိုအသာအယာကိုင်မိလိုက်တယ်။

လူချောလေးPhilipလည်း ရုတ်တရက်မို့ အံ့ဩသွားပုံရပြီး သူမကိုအံ့ဩတကြီးကြည့်လာသည်။

" အား ဆောရီး "

အမြန်ပဲ သူမ၏လက်ကိုဖယ်ရှားဖို့လုပ်လိုက်ပေမယ့် Philipက လက်ကောက်ဝတ်ကိုကိုင်ထားပြီးပြန်စမ်းစေသည်။ မျက်လုံးတွေကလည်း တမင်အလိုရှိနေပုံရသည်။

ဖြူဖြူသွယ်သွယ်မျက်နှာလေးထက်က ပါးပြင်ကိုထိကိုင်လိုက်ရသလို နဖူးပြင်ခပ်ကျယ်ကျယ်ကိုလည်း ထိတွေ့ရသေးတယ်။ လက်က Philipစေခိုင်းရာအတိုင်းဖြစ်နေပြီး သူမ၏မျက်လုံးတွေဟာ ချောမောကြည့်ကောင်းသောအမျိုးသားထံတွင်ရှိနေဆဲ။

What is Beauty? [Normal]Where stories live. Discover now