Chapter 69

538 24 0
                                    

အောင်မြင်မှု

ဒုတိယစာသင်နှစ်အတွက် ကျောင်းတက်ဖို့ဖြစ်လာခဲ့သည်။ အချိန်တွေကကုန်မြန်လွန်တာလား၊ ဒါမှမဟုတ် Grace တစ်ယောက်အလုပ်တွေများနေလို့ မသိခဲ့ဘူးထင်ပါတယ်။

ဆောင်းတွင်းထဲရောက်ရှိနေပြီမို့ အနွေးထည်ထူထူနဲ့ ဖက်ရှင်ကျအောင် ဝတ်စားထားကာ ကျောင်းထဲသို့ဝင်ရောက်လာသည်။ အထူးသဖြင့်တော့ သူမ၏မေဂျာအဆောင်သို့ဖြစ်တယ်။

" ဟေ့ Graceမတွေ့တာကြာပြီနော် ဒီတလောအဆင်ပြေရဲ့လား "

Graceရဲ့အတန်းဖော်တွေလည်း မဟုတ်ရပါပဲ ။နောက်ထပ် အသိတစ်ယောက်ယောက်များဖြစ်မလားဆိုပြီး ကြည့်မိလိုက်သည်။ ထိုအခါ အသိတွေလည်းဟုတ်မနေသော အတိတ်ကသူငယ်ချင်းAprilမှန်း သိခဲ့ရတယ်။

Aprilက နောက်ဆုံးနှစ်ဖြစ်ပြီး ဘေးကသူ့သူငယ်ချင်းဖြစ်ပုံရသော မမြင်ဖူးသောလူများ။သူတို့တွေက Aprilနဲ့Graceကို အံ့ဩသင့်စွာကြည့်နေကြသည်။

" Aprilနင့်မှာ ဒီလိုနာမည်ကြီးသူငယ်ချင်းရှိလိမ့်မယ်လို့ မထင်ခဲ့ဘူးဟာ "

" ဟုတ်တယ်ဟ။ Graceနဲ့နင်နဲ့တကယ်ရင်းနှီးလို့လား "

" ဒါပေါ့ ရင်းနှီးတာပေါ့။ကြည့်ထားလေ "

Aprilက သူ့သူငယ်ချင်းတွေကိုလေလုံးထုတ်ကြွားလိုက်ပြီး Graceဆီသို့အနီးကပ်လျှောက်လာသည်။ ပုံစံက အရမ်းရင်းနှီးတဲ့ပုံစံဖမ်းကာ Graceကိုစကားတွေပြောချင်နေတယ်။

ဒါကိုGraceသိတာပေါ့။ Aprilက ဘယ်လိုလူစားမျိုးတာကိုသိရှိခဲ့သလို သူ့ရု့အပြုအမူတွေက ဘာတွေမှန်း မျက်စိရှေ့မှာမြင်ခဲ့တာမို့ သိသာလွန်းနေသည်။ ဒီအချိန်မှာ ကပ်ဖားရပ်ဖားတစ်ဖြစ်လဲ Aprilဆိုတဲ့တစ်ယောက်ကို အရှက်မရှိဘူးလားဆိုပြီးမေးထည့်ချင်ပေမယ့် ပတ်ဝန်းကျင်ကြောင့် ငြိမ်ထားလိုက်တယ်။

တစ်ဖက်က ဟန်ဆောင်နေတာကြောင့် Graceလည်း သရုပ်ဆောင်တစ်ယောက်ပီသစွာ ကောင်းကောင်းသရုပ်ဆောင်နေလျက်။

" Grace ငါ့ကိုမှတ်မိတယ်မလား။ လွန်ခဲ့တဲ့တစ်နှစ်က ငါတို့ဘားသွားခဲ့ကြသေးတယ်လေ "

" ဘယ်သူမို့လို့လဲ။ တောင်းပန်ပါတယ်နော် အစ်မကိုတစ်ကယ်မသိလို့ "

What is Beauty? [Normal]Where stories live. Discover now