Chapter 40

467 28 0
                                    

နတ်သမီးပုံပြင်

ထုံးစံအတိုင်းဆို ဆိုင်ပိတ်ချိန်က ညချမ်းအချိန်မှဖြစ်သော်လည်း ဒီနေ့တော့ထူးဆန်းစွာ ညနေခင်း၂နာရီလောက်ကတည်းက ဆိုင်ပိတ်လိုက်ပြီ။ Graceက ဒီကဝန်ထမ်းဆိုပေမယ့် အတည်ဝန်ထမ်း မဖြစ်သေးသလို ဒီဆိုင်ရဲ့ထုံးစံဓလေ့တွေကိုတကယ်မသိပါ။

Tinaကတော့ Sooahတို့ထက်စာရင် နည်းနည်းသဘောကောင်းတယ်လို့ထင်မိသည်။ သူမကြောင့်ပဲ ဘာကိစ္စကြောင့်ဆိုင်ပိတ်လဲဆိုတာ သိရသည်မလား။ ဒါမှမဟုတ်လည်း မန်နေဂျာဖြစ်တာမို့ ပြောပြဖို့တာဝန်ရှိသလားမသိ။ မည်မျှပင်ဖြစ်ပါစေတော့ Graceနဲ့အဆင်ပြေနိုင်မှန်း သူမ,သိလိုက်သည်။

ပြောပြချက်အရ ဒီနေ့က ၂၉ရက်ဖြစ်ပြီး ဒီညနေကနေ ဇန်နဝါရီလ၂ရက်အထိ အမြဲတမ်းပိတ်လေ့ပိတ်ထရှိတယ်လို့ဆိုတယ်။ တနည်းအားဖြင့် အားလပ်ရက်ရသည်လို့ ဆိုရမှာပေါ့။ အဲ့ဒီတော့ ဒီအချိန်တွေကို အလကားမဖြစ်အောင် အကျိုးရှိရှိအသုံးချရမယ်။

ပထမဆုံးအနေနဲ့ အကြိုက်ဆုံးပေါင်မုန့်ဆိုင်သွားပြီး ပေါင်မုန့်၊ကိတ်မုန့်တွေဝယ် ပြီးရင် Window shoppingလေး ဘာလေးလုပ်မယ်။ အင်း နှစ်သစ်ကူးအတွက်တော့ Coleတို့နဲ့ကျော်ဖြတ်မိမလားမသိ။ ရှင်းရှင်းပြောရရင် Graceအနေနဲ့ ဒါကိုမစဉ်းစားသေးဘူး။ နီးကာမှ ထလုပ်တတ်တဲ့အကျင့်လည်းရှိတာမို့ ကြိုပြီးတွေးထားမနေပါ။

အနွေးထည်ထူထူကို ဝတ်ဆင်ထားပြီး လမ်းပေါ်လျှောက်နေခိုက် အိတ်ကပ်ထဲက ဖုန်းမြည်သံကိုကြားလိုက်သည်။

" ဟုတ်သား ဒီနေ့လယ်ခင်းတုန်းက အစ်ကိုPhilipနဲ့မတွေ့ဖြစ်ဖူးပဲ "

မတွေ့ဖြစ်ဖူးဆိုတာက သူမလည်းအလုပ်များနေပြီး Philipဘက်က မလာနိုင်ကြောင်း စာပို့ထားသည်ကိုး။ ဟိုတစ်နေ့ကကြောင့်ဆိုရင်တော့ ရယ်စရာကောင်းလိမ့်မယ်။ အဲ့နေ့က မတော်တဆဖြစ်ပြီးနောက် စားသောက်ဆိုင်မှာ အဆင်ပြေသွားခဲ့တာပဲလေ။

Graceက ရုတ်တရက်မို့ ရှက်သွားပေမယ့် အဲ့နောက် အဆင်ပြေတာကြောင့် အရင်လိုပဲရှိနေခဲ့တယ်။  ဤသို့သော မနေ့ကအဖြစ်အပျက်ကို တွေးနေရာမှရပ်လိုက်ပြီး အဆက်မပြတ်မြည်ဟီးနေသော ဖုန်းကိုကိုင်လိုက်သည်။ လက်အိတ်ဝတ်ထားတာကြောင့် တစ်ဖက်ကိုဖြုတ်ထားရသေးတယ်။

What is Beauty? [Normal]Where stories live. Discover now