Chapter 6

726 40 0
                                    

မိတ်ဆွေသစ်



ညပိုင်းအချိန်သို့ လျှင်မြန်စွာရောက်ရှိ၍ သဘာဝနေရောင်အစား အခန်းထဲမှာ လျှပ်စစ်မီးက အစားထိုးဝင်ရောက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေသော် လူလုပ် လျှပ်စစ်မီးတွေကြောင့် တစ်မြို့လုံး ထိန်ထိန်လင်းကာ ပုံမှန်အတိုင်းဖြတ်သန်းနေကြသည်။

အရင်ကဆို ဒီအချိန်စိတ်ကြိုက်လည်ပတ်နေလောက်ပြီ။ ဒါပေမဲ့ လက်ရှိမှာတော့ Graceက ဒီလူနာအခန်းထဲကပင် မထွက်ဖြစ်။ ရယ်စရာကောင်းပေမယ့် လက်တွေ့မှာ သူ့ကိုယ်သူပိတ်လှောင်နေသည်ကိုး။

" ညနေတုန်းက ဘယ်သူလဲ။ တစ်ခါမှမတွေ့ဖူးပါဘူး "

မိခင်ဖြစ်သူက ဆိုဖာမှာဝင်ထိုင်ရင်းမေးလာသည်။ Luckyဝယ်ပေးထားတဲ့ လိမ္မော်ဖျော်ရည်ကိုသောက်နေတုန်း သီးတော့မလိုဖြစ်သွားသေးတယ်။ ဒါပေမဲ့လည်း သူမလိုစပ်စုကြတဲ့မိဘများကိုကြည့်၍ ပေါ့ပေါ့ပါးပါးဖြေလိုက်တယ်။

ဧကန်လည်း Coleနဲ့သူမက ရိုမန်တစ်ဆန်တဲ့ဆက်ဆံရေးလည်းမရှိတာမို့ ရိုးသားလွန်းတာ အသိသာကြီး။ စိတ်ထဲ လေးလေးလံလံမရှိရတာမို့ ငြိမ်းချမ်းသည်။

" မေမေ မသိဘူးထင်တယ်။ သမီး အလယ်တန်းတုန်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းလေ။ မမတော့သိမယ်ထင်တယ် "

" ဒါဆို Luckyကောသိတာပေါ့ "

" အင်း သိတယ်လေ။ ကျောင်းတုန်းကဆို Graceနဲ့တစ်တွဲတွဲပဲ။ နာမည်က Coleဆိုလား။ Flimမေဂျာနဲ့ကျောင်းပြီးထားတယ်ပြောတယ် "

Luckyဟာ အပေါ်ထပ်က ဂျူတီကုတ်ကိုချွတ်၍ ရေတစ်ခွက်သောက်ပြီးပြောလာတယ်။ ထို့နောက် Graceရဲ့လူနာကုတင်မှာဝင်လှဲနေလိုက်သည်။ ကြည့်ရတာ ဒီနေ့အတွက် အလုပ်ပင်ပန်းသွားပုံပေါ်တယ်။

" ရား မမနင် အိပ်ချင်ရင်အိမ်ပြန်အိပ်လေ "

" ထားလိုက်ပါ အငယ်ရယ်။ သူ့ဘာသာနားပါစေ "

မေမေဝင်ဖြေမှာပဲ Graceက မျက်နှာရှစ်ခေါက်ချိုးနဲ့ မေမေ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒီအခန်းထဲမှာ မေမေရယ် မမရယ် Graceတို့ မိန်းမသားသုံးဦးသာရှိတယ်။ ဖေဖေကတော့ အလုပ်ကိစ္စအတွက်ဖုန်းထွက်ပြောနေသည်။

What is Beauty? [Normal]Where stories live. Discover now