Chapter 57

382 28 0
                                    

ရည်းစားဟောင်းနဲ့ ရုတ်တရက်တွေ့ဆုံမိခြင်း

" ဟိုတစ်ယောက် အာရုံစိုက်စမ်းပါ "

" ဟုတ်ကဲ့။ ပရော်ဖက်ဆာ "

အိပ်ငိုက်လုနီးပါး မျက်လုံးတွေကို မနည်းပြူးကျယ်ထားပြီး Lectureတွေကို သေချာနားထောင်မိသည်။ ပြောတော့သာ လွယ်သယောင်ယောင်။ စင်စစ်တွင် ခက်ခဲလှတယ်။

ရူတင်တွေကလည်း ရက်ဆက်တိုက် ဒါ့အပြင် အတန်းချိန်တွေကိုမပျက်အောင် ကြိုးစားတက်ရင်း အဆုံးသတ်မှာ လူပန်းတာပဲ အဖက်တင်တယ်။ သို့သော်လည်း Graceလုပ်နေတဲ့အရာတွေဟာ အနာဂတ်အတွက်မို့ အကျိုးအများကြီးရှိတယ်လေ။

ထိုစဉ်မှာပင် ပရော်ဖက်ဆာအမျိုးသမီးဟာ သင်ခန်းများကိုရှင်းပြရင်း Graceကို ခပ်လှမ်းလှမ်းကြည့်နေမိသည်။ နောက်ဆုံးမှာတော့ သူမ၏သိချင်စိတ်တွေကို ထိန်းချုပ်မရတော့။ စာရှင်းပြခြင်းကို ရပ်တန့်လိုက်ပြီး Graceကို သေချာကြည့်လာကာ

" နာမည် ဘယ်လိုခေါ်လဲ "

" အာ ကျွန်မကိုပြောတာလား "

Graceရဲ့ အိပ်ချင်စိတ်တွေဟာ ပျောက်ကွယ်သွားပြီး ပရော်ဖက်ဆာကို အံဩတကြီးကြည့်နေတယ်။ ဒီပရော်ဖက်ဆာက ဆိုးဝါးလွန်းတဲ့သူတစ်ယောက်မဟုတ်ပေမယ့် တစ်တန်းလုံးမှာ အမေးခံလိုက်ရတော့ သိပ်တော့မလွယ်ဘူး။

နာမည်သိသွားရင် အိပ်ငိုက်လွန်းလို့ အမှတ်လျော့မှာလား။ ဒါမှမဟုတ် အခုသင်ခန်းစာမှာ ဘာကိုနားလည်လားဆိုပြီး မေးမလို့များလား စသဖြင့် သူမတွေးနေသည်။

ထို့အပြင် ယင်းပရော်ဖက်ဆာကြောင့် အတန်းထဲက ကျောင်းသူ၊ကျောင်းသားတွေပါ Graceကိုဝိုင်းကြည့်နေကြတယ်။ ဒီခံစားချက်ကို အရင်ကတည်းက ခံစားဖူးပြီးသားမို့ အထူးတလည်မဟုတ်ပါ။ ဒါပေမဲ့ ပရော်ဖက်ဆာရဲ့စိတ်သဘောကို မခန့်မှန်းတတ်တာ ပိုဆိုးသည်။

" Grace Graceပါ ပါရော်ဖက်ဆာ "

" နေပါဦး။ အခုလွင့်နေတဲ့ ဇာတ်လမ်းတွဲမှာ ယူနိုရာအဖြစ်သရုပ်ဆောင်တဲ့တစ်ယောက်လား "

ပရော်ဖက်ဆာ၏ စကားကြောင့် Graceမှာ မျက်လုံးအဝိုင်းသားဖြစ်သွားရသည်။ ဒါပေမဲ့ ရင်ထဲမှာတော့ လူတွေသိနေပြီဆိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်။ သူမ ခေါင်းညိတ်ပြ၍ အတည်ပြုလိုက်တာနဲ့ တစ်တန်းသားလုံး သူမကို အံ့ဩစွာကြည့်နေကြသည်။

What is Beauty? [Normal]Where stories live. Discover now